Local Celebrity: အချစ်ဇာတ်လမ်းတွဲနဲ့ ရတနာဗို

ဒါရိုက်တာ သားညီနဲ့ ရိုက်ကူးမှာဖြစ်ပါတယ်။

play

 

သရုပ်ဆောင် ရတနာဗိုက ဟိန်းဝေယံနဲ့ တွဲပြီး နောက်လထဲမှာ ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။ အဲဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ သားညီက ရိုက်ကူးမှာ ဖြစ်ပြီး မန္တလေးမြို့ရဲ့ နောက်ခံအချစ်ဇာတ်လမ်းတွဲလေး ဖြစ်တယ်လို့ သိရပါတယ်။

play

 

ရုပ်ရှင်ဇာတ်ကားကိုလည်း (၁၁)လပိုင်းမှာ ရိုက်ကူးဖို့ ရှိတယ်လို့ သူမက ဆိုပါတယ်။ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးလာရတဲ့ သရုပ်ဆောင် ရတနာဗိုက အသက်အရွယ်ရပြီး မိသားစုနဲ့ ဖြစ်လာရင် အနုပညာနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးတွေကိုလည်း လုပ်သွားမယ်လို့ 8days Journal ကို ဖြေဆိုထားပါတယ်။

Source : 8days Journal

Photo  : ရတနာဗို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ