Local Celebrity: "ရှေ့သွားနောက်လိုက်" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်မယ့် အလင်းရောင်

လက်ရှိမှာတော့ "မနေ့ကဖြစ်သည်" ဇာတ်လမ်းတွဲကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

play

 

"မနေ့ကဖြစ်သည်" ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးနေတဲ့ သရုပ်ဆောင်အလင်းရောင်က ဒါရိုက်တာ စတီးလ် ရိုက်ကူးမယ့် "ရှေ့သွားနောက်လိုက်" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။ မိသားစုဇာတ် ဖြစ်တယ်လို့ သိရပါတယ်။

play

 

အဲဒီဇာတ်ကားထဲတွင် ဇင်ဝိုင်း၊ မင်းမော်ကွန်း၊ နေမင်း၊ထွန်းထွန်းတို့နဲ့အတူ ရိုက်ကူးရမှာ ဖြစ်တဲ့အတွက် သူ့အနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ ဒီနှစ်ထဲမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖို့ ရှိသလို "on my Crush " MTV အတွက်လည်း ပြင်ဆင်နေတယ်လို့ အလင်းရောင်က 8days ကို ဖြေဆိုထားပါတယ်။

Source : 8days

Photo  : အလင်းရောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ