Local Celebrity: ကလေးတွေကို ကျွမ်းဘားသင်ပေးနေတဲ့ ထားထက်ထက်

play

 

အားကစားသမားကျွမ်းဘားမယ် တစ်ယောက်ဖြစ်တဲ့ အလှမယ် သရုပ်ဆောင် ထားထက်ထက်ကတော့ လက်ရှိမှာ ကလေးတွေကို ကျွမ်းဘားပြန်သင်ပေးနေတယ်လို့ သိရပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးနေရင် ကလေးတွေကို ကျွမ်းဘားသင်ပေးရတာလည်း  ပျော်ရွှင်နေရတယ်လို့ ဆိုပါတယ်။

play

 

၃ နှစ်အထက်ကနေ ဆယ်ကျော် သက်အရွယ်ထိကို အတန်းလိုက်ခွဲပြီး ကျိုက္ကဆံရှိကျွမ်းဘားအားကစားရုံမှာ စနေ၊ တနင်္ဂနွေတိုင်း သင်ပေးနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ "အယူတော်မင်္ဂလာ" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရမယ့် သူမက ပါဝင်ရမယ့် ကာရိုက်တာအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

play

 

အဲ့ဒီဇာတ်ကားထဲမှာ ဗေဒင်ဆရာမတစ်ယောက်အနေနဲ့ ပါဝင်ရမှာ ဖြစ်ပြီး အဲ့အတွက်ကိုလည်း တကယ့် ဗေဒင်ဆရာမ တွေရဲ့ အပြုအမူပုံစံ အပြောအဆိုတွေကို သေချာလေ့လာနေတယ်လို့ သိရပါတယ်။

Source : Popular news

Photo  : ထားထက်ထက် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ