Local Celebrity: လူမင်းရဲ့ နို့တစ်စာကို ရင်ဆိုင်သွားမယ့် ဒါရိုက်တာ မောင်မျိုးမင်း

play

 

ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)မှ အင်တာဗျူးတစ်ခုတွင် ဖြေဆိုထားသော စကားကြောင့် လူမင်းက သူ့ဆီကို နို့တစ်စာပေးပို့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဦးမျိုးမင်းက ဂျာနယ်တစ်ခုတွင်  'ကျွန်တော် တို့ ဥက္ကဋ္ဌကိုယ်တိုင်က အပြာကားဆန်ဆန် တဏှာရူး ကားဆန်ဆန်ရိုက်နေတော့ ဘယ်သူက လေးစားမှာလဲ'ဆိုပြီးတော့ ဖြေဆိုထားတဲ့ စကားကြောင့် တရားစွဲတာ ဖြစ်တယ်လို့ ဦးမျိုးမင်းက ဆိုပါတယ်။

play

 

သူ့အနေနဲ့ ယခုလိုပြောခြင်းဟာ ဒါရိုက်တာတွေအတွက် အနုပညာလောကသားများအားလုံးရဲ့ အကျိုးအတွက် ပြောတာဖြစ်ပြီး ရုပ်ရှင်ကို လူတွေအားလုံးအထင်သေးနေချိန်မှာ အဲ့လို ကားမျိုးတွေ မရိုက်ပြသင့်တာကြောင့် စေတနာနဲ့ ပြောတာဖြစ်ပေမယ့် ဦးလူမင်းဘက်က အမြင်စောင်းသွားတဲ့ သဘောသက်ရောက်နေပါတယ်လို့ ဦးမျိုးမင်းမှ Democracy Today ကို ဖြေဆိုပေးထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးလူမင်းမှ သူ့ကို တောင်းပန်ဖို့ ပြောထားပေမယ့်လည်း ဦးမျိုးမင်းဘက်က တောင်းပန်ဖို့မရှိဘူးလို့ ဆိုပါတယ်။

Source : Democracy Today

Photo  : ဦးမျိုးမင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ