play

 

အဆိုတော် အေးချမ်းမေကတော့ နိုဝင်ဘာလအတွင်းမှာ ရန်ကုန်နဲ့ မန္တလေးမြို့တို့တွင် ဖျော်ဖြေပွဲများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ(၁၉)ရက်နေ့မှာတော့ သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ပြည်သူ့ရင်ပြင်တွင် ကျင်းပမှာ ဖြစ်ပါတယ်။

play

 

နိုဝင်ဘာ(၂၅)ရက်နေ့မှာ မန္တလေးမြို့ မင်္ဂလာမန္တလေးတွင် စည်သူလွင်နဲ့ စုံတွဲဖျော်ဖြေပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ် ။ နှစ်အတော်ကြာ မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ ဝေးကွာနေတဲ့ သူမက ဖျော်ဖြေပွဲအတွက် ရင်ခုန်နေတယ်လို့ ဆိုပါတယ်။

play

 

ရန်ကုန်ဖျော်ဖြေပွဲလက်မှတ် များကို ကျပ် တစ်သောင်း၊ နှစ်သောင်း၊ သုံးသောင်း၊ ငါးသောင်းနှင့် ခုနစ်သောင်း သတ်မှတ်ထားပြီး အောက်တိုဘာ ၃၁ ရက်မှစတင်၍ မန်းသီရိတေးသံသွင်းနှင့် MMtix Main Office များတွင် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

Source : 7day Daily

Photo  : အေးချမ်းမေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video