play

 

ဒီနှစ်ဝါကျွတ်မှာတော့ အနုပညာလောကထဲက အနုပညာရှင် တော်တော်များများ အိမ်ထောင်ပြုတဲ့ နှစ်တစ်နှစ်ဖြစ် ပေမယ့် ယခုချိန်ထိ တစ်ယောက်တည်း ရှိနေသူကတော့ သင်ဇာဝင့်ကျော် ဖြစ်ပါတယ်။ မိသားစုနဲ့ အချိန်ကုန်နေရ တာကိုပဲ ပိုကြိုက်တဲ့ သူမက ရည်းစားထားရင်လည်း ခဏပဲ ပျော်တယ်လို့ ဆိုပါတယ်။ ကြာလာရင် စိတ်က ရှုပ်လာ တတ်တယ် လို့ အင်တာဗျူး တစ်ခုမှာ ပြောပြထားပါတယ်။

play

 

သူမရဲ့ ကံဇာတာကိုက အပျိုကြီးကံ ဖြစ်နေတာကြောင့် အချစ်ရေးကို သိပ်ပြီး မပြောတတ်ဘူးလို့လည်း ဆိုပါတယ်။

play

 

သင်ဇာဝင့်ကျော်က မကြာခင်ရုံတင်ပြသတော့မယ့် "မင်းလည်း ဘိုကေ ငါလည်းဘိုကေ " ရုပ်ရှင်ဇာတ်ကားထဲမှာ ဆရာမလေးတစ်ယောက်ရဲ့ ကာရိုက်တာနဲ့ အကောင်းဆုံး ဖြစ်အောင် ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမအတွက် ပါဝင်ရတဲ့ အခန်းနည်းပေမယ့် ဇာတ်ကားရဲ့ ပေးထားတဲ့ မက်ဆေ့ခ်ျကို ကြိုက်တာ ကြောင့် ရိုက်ကူးဖြစ်သွားတာလို့ ဆိုပါတယ်။

 

Source : Yangon Media Group

Photo  : သင်ဇာဝင့်ကျော် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video