Local Celebrity: ရိုက်ကူးမှုတွေ ပြန်လုပ်တော့မယ့် ဆုရွှန်းလဲ့

သရုပ်ဆောင်အလုပ်ကို မစွန့်လွှတ်နိုင်ဘူးလို့ ဆိုပါတယ်။

play

 

မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာတဲ့ ဆုရွှန်းလဲ့ကတော့ ဇာတ်ကားရိုက်ကူးမှုတွေ ပြန်လုပ်တော့မယ်လို့ သိရပါ တယ်။ မြန်မာပြည်ကို အောက်တိုဘာလထဲမှာ ရောက်ရှိလာပြီး ဇန်ဇနဝါရီ ပထမအပတ်မှာ ပြန်ဖို့ လုပ်ထားပေမယ့် အနုပညာတွေ ပြန်လုပ်ဖို့ ဆုံးဖြတ်ထားတာကြောင့် ပြန်ဖို့ ရက်ကိုတောင် ရွှေ့မယ်လို့ စဉ်းစားထားတယ်လို့ သူမက ဆိုပါတယ်။

play

 

လက်ရှိမှာတော့ ဗီဒီယို ရိုက်ကူးမှုတွေ လုပ်ဖို့ ကမ်းလှမ်းကြတဲ့အတွက် ဗီဒီယိတွေ ပြန်ရိုက်ဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ဇာတ်ကားရိုက်ဖို့ တောင်းဆိုကြတဲ့အတွက် မြန်မာပြည်ကို ပြန်ရောက်တဲ့ အချိန်မှာ အနုပညာအလုပ်တွေကို ကမ်းလှမ်းလာရင် ကမ်းလှမ်းလာသလောက် လုပ်သွားဖို့ စဉ်းစားထားကြောင်း ပြောပြပါတယ်။

Source : 8days Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ