AD
AD
AD
play

 

အကယ်ဒမီနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေ ဦးခင်လှိုင်တစ်ယောက် ရရှိနေဆဲ ဖြစ်ပါတယ်။ အကယ်ဒမီ စာရင်းဝင်ဇာတ်ကားတွေ ထဲမှာ ပါဝင်နေတဲ့ ဦးခင်လှိုင်က အကယ်ဒမီနဲ့ ပတ်သက်ပြီး မမျှော်လင့်တော့ပါဘူးလို့ အင်တာဗျူး တစ်ခုမှာ ဖြေဆိုထားပါတယ်။

play

 

ဟာသကားတွေနဲ့ အက်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး သူပါဝင်ထားတဲ့ ဇာတ်ကားတွေထဲမှာ ကာရိုက်တာတွေကို ပီပြင်စွာ သရုပ်ဆောင်နိုင်ထားသူ တစ်ယောက် အဖြစ် ပရိသတ်တွေက အသိအမှတ်ပြုနေပေမယ့် ဦးခင်လှိုင်ကတော့ အကယ်ဒမီကို မမျှော်လင့်တော့ဘူးလို့ ဆိုပါတယ်။

play

 

မကြာခင်ရက်ပိုင်းမှာလည်း သူပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်တဲ့ "မင်းလည်းဘိုကေ ငါလည်းဘိုကေ" ရုပ်ရှင်ဇာတ်ကားထဲမှာ ရုံတင်တော့မှာ ဖြစ်ပြီး Press show ပြသတဲ့ အချိန်မှာလည်း ပရိသတ်တွေရဲ့ လက်ခုပ်သံတွေ အများကြီး ရခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ယခုလက်ရှိမှာတော့ "အော်ရဂျင်နယ်ဂိုင်းစတား၃" ရုပ်ရှင်ဇာတ်ကား ကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Source : Yangon Media Group

Photo  : ခင်လှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD