Local Celebrity: အနုပညာရှင်များစွာ ပါဝင်ဆင်နွှဲခဲ့တဲ့ ဒီဂျေပွဲတော်

ပရိသတ်အားပေးမှု အများအပြား ရရှိခဲ့တဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။

play

 

ကမ္ဘာ့နံပါတ်(၁) ဒီဂျေအဖြစ် သတ်မှတ်ခံထားရတဲ့  ဒီဂျေ Armin Van Buuren ပါဝင်တဲ့ We Are Connected ဒီဂျေပွဲက တော့ လာရောက်ကြည့်ရှုသူများပြားပြီး ပရိသတ်တွေ ပျော်ရွှင်ခဲ့ရတဲ့ ဖျော်ဖြေပွဲ တစ်ခု ဖြစ်ပါတယ်။ အနုပညာရှင်များစွာ သွားရောက်အားပေးခဲ့သလို မြန်မာနိုင်ငံက ဒီဂျေသမားများလည်း သွားရောက်အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

play

 

We are Connected ပွဲကို နိုဝင်ဘာ (၂၃)ရက်နေ့ ညက  သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏပန်းခြံဘေးရှိ The One Entertainment Park တွင် ပြုလုပ်ခဲ့ပါတယ်။ ဖျော်ဖြေပွဲကို ညနေ(၆)နာရီခန့်မှ စတင်ခဲ့ပြီး နိုင်ငံတကာက နာမည်ကြီး ဒီဂျေများနဲ့ မြန်မာနိုင်ငံက ဒီဂျေတစ်ဦးလည်း ပါဝင်ဖျော်ဖြေပေးခဲ့ပါတယ်။

play

 

ဒီဂျေ ArminVan Buuren က ည ၁၀ နာရီမှ ၁၂ နာရီအထိ နှစ်နာရီကြာ ဖျော်ဖြေပေးခဲ့ပြီး နောက်ဆုံးသီချင်း တီးခတ်မှုအပြီးမှာ ပရိသတ်များရဲ့ တောင်းဆိုမှုကြောင့် သီချင်းတစ်ပုဒ်ကို ထပ်မံဖျော်ဖြေပေးခဲ့ပါတယ်။

Photo : We are Connected ဖေ့စ်ဘွတ်

test
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ