Local Celebrity: ဟင်္သာတထွန်းရင်ရဲ့ ရက်လည်ကုန်ကျစရိတ်ကို ဖိုးချစ်က ကူညီပေးမယ်

play

 

မြန်မာသံ ဂန္တဝင် တေးသံရှင်ကြီး ဟင်္သာတထွန်းရင်ရဲ့ ရက်လည်တရားတော်နာအတွက် ကုန်ကျစရိတ်များကို ဇာတ်မင်းသား ဖိုးချစ်က ကုန်ကျခံသွားမယ်လို့ သိရပါတယ်။

play

 

အဆိုတော် ဟင်္သာတထွန်းရင်ကွယ်လွန်သွားတာဟာ ဖိုးချစ်အတွက် တကယ့်ကို ဆုံးရှုံးမှုကြီး တစ်ခုပါပဲလို့ နိုဝင်ဘာ(၂၁)ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

"ဂန္တဝင်အနုပညာရှင်ကြီး ဟင်္သာတဦးထွန်းရင် ကွယ်လွန်သွားတာဟာ ကျွန်တော်တို့အတွက် တကယ့်ကို ဆုံးရူံးမှူကြီးပါဗျာ။ တစ်နိုင်ငံလုံးရဲ့ ရင်ထဲမှာ ဦးရဲ့ သီချင်းတွေ ဘယ်တော့မှ မပျောက်တော့ပါဘူးဗျာ။ ကျွန်တော် ဇာတ်သဘင်လောကထဲ ရောက်ကတည်းက ပရိသတ်နဲ့ သိခွင့် ထိခွင့်ရအောင် လက်တွဲခေါ်ပေးခဲ့တယ်။ စောင့်ရှောက်ခဲ့တယ်။ သွန်သင်ဖေးမခဲ့တယ်။ မဆုံးခင်အချိန်ထိလည်း ကျွန်တော့်ဇာတ်စင်ပေါ်မှာ သီချင်းလေးတွေ ဆိုပေးခဲ့တယ်။ ဆေးရုံတက်နေတာတောင် ဖိုးချစ်လေး ဘယ်မှာကနေလဲလို့  မေးနေခဲ့တယ်တဲ့ နေကောင်းရင် သီချင်းလာဆိုမလို့တဲ့ဗျာ။အခုတော့......အခုတော့.....အမေနဲ့ရွာကို သားမောင် မလွမ်းတော့ဘူးလားဗျာ။ ဟင်္သာတ ဦးထွန်းရင် သီးခြားပွဲလုပ်ချင်လို့ ကျွန်တော့်ကို အကြိမ်ကြိမ်ပြောခဲ့တယ်။ အဆင်ပြေတဲ့ အချိန်ပြောပါ  အကောင်းဆုံး လုပ်ပေးပါ့မယ်လို့ ကျွန်တော်ပြောခဲ့ပေမဲ့ မဆိုနိုင်တော့ဘူးပေါ့ ဆရာရယ်။ ဆရာက အမေနဲ့ရွာကို လွမ်းတယ် ကျွန်တော်တို့ကတော့ ဆရာ့ကို တစ်သက်လုံး လွမ်းနေတော့မယ်ဆရာ" လို့ ရေးသားထားပါတယ်။

အဆိုတော် ဟင်္သာတ ထွန်းရင်ဟာ နိုဝင်ဘာ(၂၁)ရက်နေ့က အဆုတ်ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ှSource : The Myanmar Reviews Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ