Local Celebrity: ဆားပုလင်းနှင်းမောင်ကာရိုက်တာနဲ့ ကျော်ကိုကိုဝေ

မနုစာရီ ရုပ်ရှင်အတွက် ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။

play

 

ဆရာကြီး မင်းသိင်္ခရဲ့ ဝတ္ထုဇာတ်လမ်းတွေထဲက နာမည်ကြီး ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ မနုစာရီကို ရုပ်ရှင်အဖြစ် ဒါရိုက် တာ ညိုမင်းလွင်က ပြန်လည် ပုံဖော်တော့မှာ ဖြစ်ပါတယ်။ အဲဒီဇာတ်ကားအတွက် ဆားပုလင်းနှင်းမောင် ကာရိုက်တာ ကိုလည်း မော်ဒယ် သရုပ်ဆောင် ကျော်ကိုကိုဝေက ပါဝင်သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

play

 

သူ့အနေနဲ့ကလည်း ဆားပုလင်းနှင်းမောင်ရဲ့ ကာရိုက်တာက သူ့အတွက် မစိမ်းသလို ဆားပုလင်းနှင်းမောင်လိုမျိုး စတိုင်တွေ ဟန်ပန်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ကူးယဉ်ကြည့်ပြီး အရမ်းကျေနပ်မိတယ်လို့ ဆိုပါတယ်။ အဲဒီအတွက်လည်း ကာရိုက်တာပိုင်းနဲ့ ပတ်သက်လို့ အသေအချာလေ့လာသွားမှာ ဖြစ်သလို ဆားပုလင်းနှင်းမောင် အကြောင်းတွေကို အရင်ကထက် ပိုပြီး လေ့လာကာ သရုပ်ပိုတူအောင် ပုံဖော်မယ်လို့ ကျော်ကိုကိုဝေက ပြောပါတယ်။

play

 

မနုစာရီ ရုပ်ရှင်ဇာတ်ကားအတွက် ရွေးချယ်ခံရတာကိုလည်း အရမ်းကို အံ့သြဝမ်းသာနေပြီး ပရိသတ်တွေရင်ထဲက ပုံဖော်ထားတဲ့ ဇာတ်ကောင်နဲ့ အနီးစပ်ဆုံး ဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Source : Myanmar artists world

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ