Local Celebrity: မနုစာရီ နေရာက သရုပ်ဆောင်မယ့် ရွှေသမီး

, updated

မကြာခင် ရိုက်ကူးမယ့် မနုစာရီ ရုပ်ရှင်ဇာတ်ကားအတွက် ဖြစ်ပါတယ်။

play


ဆရာကြီး မင်းသိင်္ခရဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ မနုစာရီ ဝတ္ထုကို ဒါရိုက်တာညိုမင်းလွင်က လာမယ့် နှစ်ဆန်းပိုင်း လောက်မှာ ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

 

အဲဒီရုပ်ရှင်ဇာတ်ကားမှာ မနုစာရီ မင်းသမီးအဖြစ် သရုပ်ဆောင်မယ့်သူကို ဒါရိုက်တာ ညိုမင်းလွင်က ရက်ပေါင်းများစွာ ဝှက်ထားခဲ့ပြီး ပရိသတ်များကို ခန့်မှန်းစေခဲ့ကာ နိုဝင်ဘာ(၂၅)ရက်နေ့ကမှ မနုစာရီနေရာကို သရုပ်ဆောင်မယ့် ရွှေသမီးကို ပွဲထုတ်ခဲ့ပါတယ်။

play


မနုစာရီ ဇာတ်ရုပ်အတွက်  ရွှေသမီးကို ရွေးချယ်ခဲ့တဲ့ အပေါ် အမြင်အမျိုးမျိုး ရှိပေမဲ့ ဒါရိုက်တာကိုယ်တိုင်က ရွှေသမီးဟာ တစ်ချိန်တွင် မနုစာရီ ဖြစ်ရမယ်လို့ ယုံကြည်ထားတယ်လို့ ဆိုပါတယ်။

play


မနုစာရီ အဖြစ် သရုပ်ဆောင်ရမယ့် ရွှေသမီး ကိုယ်တိုင်မှာလည်း အရမ်းကို စိတ်လှုပ်ရှားနေပေမဲ့ လုပ်နိုင်တာထက်ကို အကောင်းဆုံး လုပ်သွားမယ်လို့ သူမက ပြောပါတယ်။ မနုစာရီ ရုပ်ရှင်ဇာတ်ကား ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ ရိုက်ကူးမှာ ဖြစ်ပြီး မနုစာရီနဲ့ ပတ်သက်ပြီး ပရိသတ်များ စိတ်ဝင်စားတဲ့ လရောင်လှုံတဲ့ ဇာတ်ဝင်ခန်းတွေကိုလည်း ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
Source : 7Day Daily, 7Day TV
Photo : ရွှေသမီး ဖေ့စ်ဘွတ်၊ 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ