Local Celebrity: ဒီနေ့ ဖြန့်ချိလိုက်တဲ့ အောင်ထက်ရဲ့ သီချင်းခွေ

သီချင်းအများစုမှာလည်း ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

play

 

အောင်ထက်ရဲ့ "ဟေးမိတ်ဆွေ" သီချင်းခွေကို ဒီနေ့ (နိုဝင်ဘာ၂၇ရက်နေ့)က စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ သီချင်း ၁၂ပုဒ်ပါဝင်တဲ့ အဲဒီသီချင်းခွေမှာ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ သီချင်းက ၁၁ပုဒ်ရှိတယ်လို့ သိရပါတယ်။

play

 

အဲဒီအခွေထဲမှာ မိဘမေတ္တာဘွဲ့ တုနိုင်းမဲ့ မေတ္တာသီချင်းမှာ မိခင်နဲ့အတူ သရုပ်ဆောင်ထားပြီး ရွက်ကျပင် သီချင်းကိုတော့ သူ့ရဲ့ ဘဝအကြောင်းကို ထည့်သွင်းရိုက်ကူးထားတယ်လို့ သိရပါတယ်။ သရုပ်ဆောင်ဘက်မှာ သူ့အနေနဲ့ ကျွမ်းကျင်သူ တစ်ယောက် မဟုတ်ပေမဲ့ အကောင်းဆုံး ပါဝင် သရုပ်ဆောင်ထားတယ်လို့ သူက ဆိုပါတယ်။

play

 

"ဟေးမိတ်ဆွေ" ပရိုမိုးရှင်းပွဲကို အခွေထွက်တဲ့ နိုဝင်ဘာ(၂၇)ရက်နေ့ ညနေမှာ ဂျန်းရှင်းစကွဲမှာ ပြုလုပ်မှာ ဖြစ်ပြီး နိုဝင်ဘာ(၂၉)ရက်နေ့မှာ မင်္ဂလာမန္တလေး၊ နိုဝင်ဘာ(၃၀)ရက်နေ့ မုံရွာမြို့ရှိ Ocean Centerနဲ့ ဒီဇင်ဘာ (၂)ရက်နေ့တို့မှာ မော်လမြိုင် Ocean Center တို့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ှSource : 7day Daily

Photo  : 7day Daily၊ အောင်ထက် Fans

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ