AD
AD
AD
play

 

Miss Universe Myanmar 2017 ရဲ့ 4th Runner up ဆုရှင် ခင်လပြည့်ဇော်က အလှပြိုင်ပွဲတွေ ထပ်ပြိုင်ချင်သေးတာ ကြောင့် Organization နဲ့ စာချုပ်ချုပ်ဘူးလို့ သိရပါတယ။် Top 5 ပြိုင်ပွဲတွေအနေနဲ့ Organization နဲ့ စာချုပ်ချုပ်ရ မယ်လို့ ပြောထားပေမဲ့လည်း စာချုပ်မချုပ်ချင်ရင်လည်း မချုပ်လို့ရတယ်လို့ ပြောထားတာရှိတာကြောင့် သူမအနေနဲ့ စာချုပ်မချုပ်ဖြစ်တော့တာလို့ ဆိုပါတယ်။

play

 

ပရိသတ်တွေနဲ့ သူမနေရာမှာ နောက်ထပ်ပြိုင်ပွဲဝင်တွေ အစားထိုးလိုက်တယ်ဆိုပြီး အထင်လွဲကာ ဝေဖန်နေတဲ့ အပေါ် သူမက ပြန်လည်ရှင်းပြခဲ့တာဖြစ်ပါတယ်။ စာချုပ်မချုပ်ပေမဲ့လည်း organizationနဲ့ လက်တွဲ ဖြုတ်တာမျိုးမဟုတ်ဘဲ organizationနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးမယ်ဆိုတဲ့ ညှိနှိုင်မှုတွေနဲ့ အဆင်ပြေခဲ့တယ်လို့ သိရပါတယ်။

play

 

သူမရဲ့ Miss Universe Myanmar 2017 4th Runner up ဆုဟာ အရင်အတိုင်းပဲ ရှိနေပါတယ်လို့ သူမက ပြောပါတယ်။

Source : Yangon Media Group

Photo  : ခင်လပြည့်ဇော် ဖေ့စ်ဘွတ်၊ ဖြိုးမိုးသိင်္ခ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD