play

လက်ရှိမှာ ကြော်ငြာတွေ ရိုက်ကူးဖြစ်နေတဲ့ ဝါဆိုမိုးဦးက ဇာတ်ကားရိုက်ကူးမှုတွေကိုတော့ လုံးဝနားထားတယ်လို့ သိရပါတယ်။ အဲ့လို နားထားရတာကလည်း သီချင်းအခွေအတွက် အားစိုက်နေတာ ဖြစ်ပြီး သီချင်းခွေကို Music Video နဲ့ Audio အခွေ တစ်ခါတည်း ထွက်မှာ ဖြစ်တဲ့တယ်လို့ သိရပါတယ်။

အခွေထဲမှာ သီချင်း ၁၂ပုဒ်ပါမှာ ဖြစ်ပြီး ၁၂ပုဒ်ထဲကမှ အကောင်းဆုံး ကိုးပုဒ်ကို ရွေးပြီး  MTV ရိုက်ကူးမယ်လို့ သိရပါတယ်။ အခွေနာမည်ကိုလည်း "မိုက်လားပြောကြည့်" ဆိုပြီး လောလောဆယ်မှာ နာမည်ပေးထားဖြစ်တယ်လို့ သိရပါတယ်။

play


ဒီအခွေအတွက် သူမမှာ အချိန်တွေလည်း အများကြီး ပေးထားရသလို ငွေလည်း အရမ်းကုန်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေအတွက် အရည်အသွေးကောင်းတဲ့ အခွေတစ်ခွေကို ပေးချင်တဲ့ စိတ်နဲ့ ကြိုးစား နေတာပါလို့ သူမက ဆိုပါတယ်။ သူမအနေနဲ့ အခွေထွက်လာရင်လည်း ပရိသတ်တွေ အားပေးကြပ့ါမလားဆိုတဲ့ စိုးရိမ်စိတ်လေး တစ်ခုတော့ ဖြစ်နေမိတယ်လို့လည်း ပြောပါတယ်။

Source : Yangon Media Group

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video