Local Celebrity: ရှမ်းပြည်သားနဲ့ ဘာမှမဆိုင်ပါဘူးဆိုတဲ့ လုလုအောင်

play

 

ယောက်ျားလေး ပရိသတ်တွေ အများအပြား အားပေးခြင်း ခံရတဲ့ လုလုအောင်ရဲ့ အရင်ယောက်ျားနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ ပြန့်လို့ နေပါတယ်။ Cele Cele Small က  လုလုအောင်ရဲ့ အရင်ယောက်ျားက အဆိုတော် အောင်သိန်းခိုင် ဖြစ်တယ်လို့ သူ့ရဲ့ စာမျက်နှာမှာ ရေးသားထားပါတယ်။

play

 

"လူတိုင်း လုလုအောင်ရဲ့ကွာရှင်းထားတဲ့ ယောင်္ကျားကို မြင်ဖူးချင်ကြမှာပါ။ ဒီတော့ ဆယ့် Page က ပထမဆုံး ချပြလိုက်ပြီနော် ။ သူက အဆိုတော်ပါ လုလုအောင် ယောင်္ကျားဆိုတာ လူတွေ သိပ်မသိသေးပါဘူး။ သူ့သီချင်း ခွေထွက်တာလဲ မကြာသေးပါဘူး။ ဒါပေမယ့်သူက သူ့ ပတ်ဝန်းကျင်ကို ဘာလို့. လူပျိုလို့ညာထားတာလဲ။ ဆယ် မကြိုက်တာအဲ့ဒါတွေပဲ.... သူ့ဘက်က. အခါခါငြင်းပါတယ်။ သူနဲ့လုလုဘာမှမဆိုင်ဘူးတာ။ ဒါပေမယ့် ဆယ့် ရဲ့စကား ပရိယာယ်မာယာ အောက်မှာသူဝန်ခံသွားရပါတယ်. သူဝန်ခံသွားတဲ့ SS တွေသိချင်ရင် Up ခဲ့ခဏနေထပ် တင်ပေးမယ်" လို့ ရေးထားပါတယ်။

play

play

အဲ့ဒါနဲ့ ပတ်သက်ပြီး မော်ဒယ် လုလုအောင်ကလည်း သူမရဲ့ စာမျက်နှာပေါ်မှာ "ရှမ်းပြည်သားတွေနဲ့ တစ်ခါမှမဆုံဖူးဘူး မဒိတ်ဖူးဘူးရှင့်။ ဆယ်လုပ်မှဘဲစည်းလုံးခြင်းတွေ အင်အားဖြစ်ကုန်တော့မယ်" လို့ အေးအေးဆေးဆေး ပြန်ရေးထား ပါတယ်။ သူမရဲ့ ပရိသတ်တွေကလည်း ဒီသတင်းဟာ အမှန်မဟုတ်ကြောင်း သိတယ်ဆိုတာကို သူမရဲ့ ရေးသားထား သော ပို့စ်အောက်မှာ ကောမန့်များ ပေးထားကြပါတယ်။

Photo : လုလုအောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ