Local Celebrity: အေးချမ်းမေရဲ့ မွေးနေ့အလှူ

အသက်(၄၂)နှစ်ပြည့် မွေးနေ့ အလှူဖြစ်ပါတယ်။

play

 

နိုဝင်ဘာ (၂၇)ရက်နေ့က အဆိုတော် အေးချမ်းမေရဲ့ (၄၂)နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာ "We Love Aye Chan May" အဖွဲ့သားတွေနဲ့အတူ ရန်ကုန်မြို့၊ ခဝဲခြံမျက်မမြင်ကျောင်းနဲ့ ထန်းတပင် ခဝဲခြံကျောင်းခွဲ တို့မှာ မွေးနေ့ အလှူအဖြစ် သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

ဒီနှစ်မွေးနေ့ကတော့ မြန်မာနိုင်ငံပြန်လာပြီး ယခုလို အလှူအတန်းတွေ လုပ်ရတဲ့အတွက် အရမ်းကို အဓိပ္ပါယ် ရှိတယ် လို့ ခံစားမိတယ်လို့ ဆိုပါတယ်။ ရန်ကုန်မှာ လုပ်တဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲနဲ့မန္တလေး ဖျော်ဖြေပွဲတွေမှာ အားပေး ခဲ့ကြတဲ့ ပရိသတ်တွေ အားလုံးကို ကျေးဇူးတင်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

play

 

မြန်မာနိုင်ငံကိုလည်း တစ်နှစ်ကို တစ်ခေါက်လောက် ပြန်လာဖြစ်ဖို့ ကြိုးစားမယ်လို့လည်း ပြောပြခဲ့ပါတယ်။

Source : Myanmar Celebrity

Photo  : အေးချမ်းမေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ