Local Celebrity: သက်ငယ်မုဒိန်းမှုအပေါ် ချမ်းချမ်းရဲ့ သဘောထား

play

 

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ သက်ငယ်မုဒိန်းမှုများနဲ့ ပတ်သက်လို့ ပြည်သူများနဲ့ အနုပညာရှင်များအားလုံး မခံမရပ်နိုင် ဖြစ်နေကြပါတယ်။ ကလေးသူငယ်များအပေါ် လူမဆန်တဲ့ လုပ်ရပ်တွေကို ကျူးလွန်သူ အကုန်လုံးကို သေဒဏ်ပေးဖို့ကိုလည်း ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာ အကောင့်များပေါ်မှာ ရေးသားဖော်ပြထားပါတယ်။

play

 

အဆိုတော် ချမ်ချမ်းကလည်း သက်ငယ် မုဒိန်းမှုကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူပေးဖို့ နဲ့ သေဒဏ် ပေးသင့်တယ်လို့ သူမရဲ့ ဆန္ဒကို Myanmar Celebrity အင်တာဗျူးမှာ ဖြေဆိုပေးထားပါတယ်။ နိုင်ငံတိုးတက်ဖို့ကိုသာ မျှော်လင့်ပြီး ကိုယ်ကိုတိုင် မပြောင်းလဲသ၍ ကျွန်မတို့ နိုင်ငံကြီးဟာလည်း တိုးတက်လာမှာ ပြောင်းလဲလာမှာ မဟုတ်ဘူးလို့ သူမက ဆိုပါတယ်။

play

 

 ဒီလိုသက်ငယ်မုဒိန်းမှုတွေ ဆက်တိုက်ဖြစ်နေတာကလည်း မြန်မာလူမျိုးတွေအားလုံး ဘာသာရေး အရမ်းအားနည်း တယ်လို့ထင်မိကြောင်း သူမက ဆိုပါတယ်။ ဘယ်ဘာသာကိုပဲ ကိုးကွယ်ကိုးကွယ် မြန်မာလူမျိုးအားလုံး ဘာသာရေး အရမ်းအားနည်းတဲ့အတွက် ဒီလို လူမဆန်တဲ့ လုပ်ရပ်မျိုးတွေကို လုပ်နိုင်တာဖြစ်တယ်လို့ အဲ့ဒီအင်တာဗျူးထဲမှာ ဖြေဆိုပေးထားပါတယ်။

Source : Myanmar Celebrity

Photo  : ချမ်းချမ်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ