Local Celebrity: စီးရီးသစ်ထွက်တော့မယ့် ရှင်ဖုန်း

ဒီဇင်ဘာလထဲ ထွက်မယ်လို့ သိရပါတယ်။

play


ဂီတလောကနဲ့ အလှမ်းဝေးကွာနေတဲ့ အဆိုတော်ရှင်ဖုန်းကတော့ ဒီဇင်ဘာလထဲ စီးရီးသစ်ထွက်ရှိတော့မယ်လို့ သိရပါတယ်။ တစ်ကိုယ်တော် စီးရီးသစ်ထဲမှာ သီချင်း (၈)ပုဒ်ပါဝင်မှာ ဖြစ်ပြီး ပေါ့ခ်အေးအေးလေးတွေ၊ ကန်းထရီးရော့ခ် ပုံစံလေးတွေ ပါမယ်လို့ သိရပါတယ်။


စီးရီးသစ်မထွက်တာ ကြာပြီဖြစ်တဲ့အတွက် ပရိသတ်တွလည်း ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ကြောင်း သူမက ဆိုပါတယ်။  အိမ်မှုကိစ္စတွေနဲ့ ဂီတဘက်ကို မလှည့်ဖြစ်သေးတဲ့ သူမက မကြာခင် ပရိသတ်တွေအတွက် အခွေထွက်တော့မှာ ဖြစ်ပါတယ်။

play


အိမ်ထောင်သက် (၁၀)နှစ်ရှိပြီး ရင်သွေးယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။သူမရဲ့ တစ်ကိုယ်တော်အခွေထဲက သီချင်းများကိုတော့ ဆောင်းဦးလှိုင်၊ သားကြီး၊ ကိုဝင်းမော်တို့က ရေးစပ်ပေးထားကြတယ်လို့ သိရပါတယ်။

Source : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ