Local Celebrity: ငလျင်ဒဏ်သင့်ပုဂံအတွက် ရေးသားထားတဲ့ "ပထမ နိုင်ငံတော်"

မျိုးဆွေသန်းနဲ့ လေးဖြူတို့ ဖန်တီးထားတာ ဖြစ်ပါတယ်။

play

 

ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့တဲ့ ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသအတွက် ရည်ရွယ်ထားတဲ့ "ပထမ နိုင်ငံတော်" သီချင်းကို လေးဖြူက သီဆိုထားပြီး ဒီဇင်ဘာလအတွင်းမှာ ဖြန့်ချိမယ်လို့ သိရပါတယ်။အဲ့ဒီသီချင်းကို ဒီဇိုင်း ဆရာ မျိုးဆွေသန်းက ရေးသားထားတာလို့ သိရပါတယ်။

အဲ့ဒီသီချင်းရဲ့ အကြောင်းအရာကတော့ "အမွေအနှစ်ကို ထိန်းသိမ်းပြီး နောက်လူကို လက်ဆင့်ကမ်းဖို့" အတွက် ရေးသားထားတဲ့ သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ "ပထမနိုင်ငံတော်" သီချင်းတစ်ပုဒ်တည်းကို Myanmar Music Store ကနေ ရောင်းချသွားမှာ ဖြစ်ပြီး  ရရှိလာတဲ့ ငွေတွေကို ၂၀၁၆ သြဂုတ်လက ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ပုဂံစေတီပုထိုး များကို ပြုပြင်ထိန်းသိမ်းမယ့် ရှေးဟောင်းသုတေသနာဌာန ပုဂံရုံးခွဲနဲ့ ငလျင်ဒဏ် ပုဂံစေတီပုထိုးများကို ပြုပြင် ထိန်းသိမ်းရာမှာ ပါဝင်ကူညီမယ့် Ergo Bangan ယူနက်စကိုအဖွဲ့၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို World Heritage   ကမ္ဘာ့အမွေအနှစ် စာရင်း    ဝင်ရောက်ရေးအတွက် တာဝန်ယူပြင်ဆင်ဆောင်ရွက် နေတဲ့ မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနက Bangan Heritage Trust Team တို့ကို ပံ့ပိုးကူညီလှူ ဒါန်းပေးမှာဖြစ်ပါတယ်။အဲ့ဒီသီချင်းကို ငွေကျပ် ၃၀၀နဲ့ ဒီဇင်ဘာလအတွင်း အွန်လိုင်းမှ ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ