Local Celebrity: ကာရိုက်တာတစ်ခုအတွက် ဝအောင်လုပ်တော့မယ့် ကျော်ကျော်ဗို

play

 

ကျော်ကျော်ဗိုကတော့ ကမ်းလှမ်းလာတဲ့ ကာရိုက်တာ တစ်ခုအတွက် ဝအောင် လုပ်တော့မယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ ဝအောင် လုပ်ဖို့အတွက် Gym ကစားတာတွေ ရပ်တော့မယ်လို့ ဆိုပါတယ်။ သေရင်ထားခဲ့ရမယ့် ခန္ဓာကိုယ်ကြီးကို သူ့ရဲ့ အနုပညာအတွက် တန်အောင် အသုံးချရမယ်လို့ ရေးသားထားပါတယ်။

play
ဒီလိုမျိုး ဝအောင်လုပ်မယ်လို့ ဆိုပါတယ်။

 

ကျော်ကျော်ဗိုအနေနဲ့ အဲ့လို ဝဖို့ဆိုရင် effect တွေနဲ့ ဝအောင် လုပ်လို့ရပေမယ့် တကယ့် ခန္ဓာကိုယ် ရအောင် ကြိုးစားပြီးမှ ရိုက်ကူးမှာ ဖြစ်တဲ့အတွက် တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်မှာ အသေအချာပါပဲ။

play

 

အဲ့ဒီကာရိုက်တာအတွက် တကယ့် ပြောင်းလဲနိုင်မှာလားဆိုတာတော့ မကြာခင်တွေ့ရမှာ ဖြစ်ပါတယ်။

Photo : ကျော်ကျော်ဗို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ