Local Celebrity: ပြန်ရမှာကို ဝမ်းနည်းနေတဲ့ အေးချမ်းမေ

နိုဝင်ဘာ(၃၀)ရက်နေ့ ည(၁၀)နာရီလေယာဉ်နဲ့ ပြန်တော့မှာ ဖြစ်ပါတယ်။

play

 

ရန်ကုန်နဲ့ မန္တလေးတို့မှာ ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့တဲ့ အဆိုတော် အေးချမ်းမေကတော့ နောက်တစ်ခေါက် မြန်မာ နိုင်ငံနဲ့ ပရိသတ်များကို နှုတ်ဆက်လို့ သွားခဲ့ပါပြီ။  အေးချမ်းမေက ဒီနေ့ (နိုဝင်ဘာ၃၀)ရက်နေ့ ည(၁၀)နာရီ လေယာဉ်နဲ့ သူမနေထိုင်ရာ ပြည်ပသို့ ပြန်လည်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ အဲ့အတွက်လည်း သူမအနေနဲ့ အရမ်းဝမ်းနည်းမိတယ်လို့ ယခုလိုဆိုပါတယ်။

play

 

" အစ်မအခု ပြည်ပကိုပြန်တော့မယ်ဆိုတော့ ဝမ်းနည်းမိပါတယ်၊ ပရိတ်သတ် တွေနဲ့ ခွဲခွာရမယ်ဆိုတော့လေ၊ ဒါပေမယ့် အပြုံးနဲ့ဘဲ နှုတ်ဆက်ချင်ပါတယ်၊ တစ်ခဏတာခွဲခွာမှုအတွက်ပါ၊ မြန်မာနိုင်ငံကို ပြန်လာဦးမှာပါ "လို့ သူမက ပြောပါတယ်။

play

 

မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သူမရဲ့ ဖျော်ဖြေပွဲနှစ်ခုစလုံးဟာ ပရိသတ်များရဲ့ တစ်ခဲနက် အားပေးမှု ရရှိခဲ့ပြီး အောင်မြင် ခဲ့တဲ့ ပွဲတွေလည်း ဖြစ်ပါတယ်။ ပရိသတ်များကို ခွဲခွာရတဲ့အတွက် အေးချမ်းမေတစ်ယောက် ဝမ်းနည်းနေသလို ပရိသတ်များ ကလည်း ဝမ်းနည်းနေလို့ နေကြပါတယ်။

Photo : အေးချမ်းမေ ဖေ့စ်ဘွတ်၊ အေးဇော်မိုး (စက်မှု)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ