Local Celebrity: မိသားစုကို အချိန်ပေးဖြစ်နေတဲ့ ယွန်းဝတီလွင်မိုး

ပြည်ပမှာ ကျောင်းသွားတက်ဖို့လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

play

 

ယွန်းဝတီလွင်မိုးက ယခုလက်ရှိအချိန်မှာ မိသားစုနဲ့ သူငယ်ချင်းတွေကို ပိုအချိန်ပေးဖြစ်နေတယ်လို့သိရပါတယ်။ မကြာခင်မှာ ပြည်ပကို ကျောင်းသွားတက်တော့မှာ ဖြစ်တဲ့အတွက် ကျောင်းတက်ဖို့ လိုအပ်တာများကို ပြင်ဆင်ရင်း မိသားစုကို အချိန်ပေးဖြစ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

၁၈နှစ်လုံးလုံး မိသားစုနဲ့အတူ နေလာပြီးမှ ယခုလို တစ်ယောက်တည်း ပြည်ပမှာ ကျောင်းတက်ဖို့ သွားရမှာ ဖြစ်တဲ့ အတွက် ရင်ခုန်နေသလို ဟင်းချက်တာတွေက အစပြင်ဆင်နေရတယ်လို့ သူမက ပြောပါတယ်။ ပြည်ပမှာ ကျောင်းသွားတက် တယ်ဆိုတာကလည်း pre  Collage တက်တာမျိုး ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း တက္ကသိုလ် လေးနှစ်စလုံးကိုပြီးဆုံးအောင် တက်ကာ ဘွဲ့ယူမှာ ဖြစ်တယ်လို့သိရပါတယ်။

play

 

ပညာရေး ပြီးသွားရင်လည်း ဖခင်ဖြစ်သူ လွင်မိုးနဲ့အတူ စီးပွားရေးအတူတူလုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

Source : Myanmar Celebrity

Photo  : ယွန်းဝတီလွင်မိုး ဖေ့စ်ဘွတ်၊ အေးဇော်မိုး(စက်မှု)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ