Local Celebrity: မင်းသားသစ်ဒေါင်းရဲ့ ပွဲဦးထွက် ဇာတ်ကား

ဆာတိုရီက တင်ထားတဲ့ မင်းသားသစ် ဖြစ်ပါတယ်။

play

 

ဆာတိုရီ ထုတ်လုပ်ရေးရဲ့ စင်တင်မင်းသားသစ် ဖြစ်တဲ့ ဒေါင်းရဲ့ ပထမဆုံး ဗီဒီယိုဇာတ်ကားကို ဒီဇင်ဘာ(၂၁)ရက်နေ့မှာ ဖြန့်ချိမှာ ဖြစ်ပါတယ်။ ဇာတ်ကားနာမည်က "ဒုတိယနှလုံးသား" ဆိုတဲ့ ဇာတ်ကားဖြစ်ပြီး အဲ့ဒီဇာတ်ကားကို ရန်ကုန်မှာပဲ အဓိကထား ရိုက်ကူးထားတာ ဖြစ်ပါတယ်။

play

 

ကချင်ပြည်နယ်၊ တရုတ်ပြည်နယ်စပ်ဘက်က ဒုက္ခသည်စခန်းတွေအထိ သွားရောက်ရိုက်ကူးထားတာ လည်း ပါတဲ့အဲ့ဒီဇာတ်ကားဟာ စစ်သားတစ်ယောက်နဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ကောင်မလေး တစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးထားလည်း ဖြစ်ပါတယ်။

အဲ့ဒီဇာတ်ကားထဲမှာ ဒေါင်း၊ ဂုဏ်ကျော်ဇာနဲ့ ဝင့်ယမှုံလှိုင်တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဆာတိုရီထုတ်လုပ်ရေးအနေနဲ့ သရုပ်ဆောင်ဒေါင်းရဲ့ ဇာတ်ကားများကို ဒီဇင်ဘာလကစကာ တစ်လလျှင် တစ်ကား နှုန်းနဲ့ ဖြန့်ချိပေးသွားမှာ ဖြစ်ပြီး "ဘယ်သူခြယ်တဲ့ကောင်းကင်ပြာ" ဇာတ်ကား၊ "သူငယ်ချင်းများ" ဇာတ်ကားတို့ကို ဆက်လက်ဖြန့်ချိသွားမယ်လို့သိရပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ