Local Celebrity: ပွဲပြီးတဲ့အထိ ပရိသတ်တွေအားပေးခဲ့တဲ့ အဆိုတော် လေးဦးရဲ့ ဖျော်ဖြေပွဲ

သီချင်း အပုဒ် ၅၀ခန့် ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။

play

 

၁၉၈၀နောက်ပိုင်း အောင်မြင်မှု ရရှိခဲ့တဲ့ အဆိုတော်လေးဦးရဲ့ 80's Classic Showကိုတော့ နိုဝင်ဘာ (၂၇)ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဖျော်ဖြေပွဲမှာ ပရိသတ်များက နောက်ဆုံးနှုတ်ဆက်သီချင်းဆိုပြီး ချိန်ထိ ဆက်လက်အားပေးနေတာကြောင့် သီချင်းတစ်ပုဒ်နဲ့ ထပ်မံ ဖျော်ဖြေခဲ့ရတယ်လို့ သိရပါတယ်။

play

 

80's Classic Showမှာ တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ မာယာ၊ မပြောင်းလဲနိုင်တဲ့အချစ်၊ ထာဝစဉ်၊ မိဆိုး၊ အလွမ်းများငြိမ်းစေသတည်း ၊ ယုံလား၊ တစ်ယောက်တည်းလား၊ ပိုးဖလံ၊ တစ်စုံတစ်ရာစတဲ့ တေးသီချင်းများအပါအဝင် သီချင်း အပုဒ် ၅၀ခန့် ဖျော်ဖြေခဲ့ကြပါတယ်။

play

 

ပရိသတ်များကလည်း သီချင်းများ လိုက်ပါသီဆိုအားပေးခဲ့ကြကာ နောက်ဆုံး တင်ဆက်မှုအစီအစဉ်မှာ အဆိုတော် လေးဦး စလုံးက ချစ်ကောင်းရဲ့ "ကိုယ်တိုင်ရေးပုံတူ" သီချင်းကို အတူဖျော်ဖြေခဲ့ကြပါတယ်။ အဆိုတော်လေးဦးစလုံးက ရင်းနှီးတဲ့သူငယ်ချင်းများဖြစ်တာကြောင့် စင်ပေါ်တွင် တစ်ဦးနဲ့တစ်ဦး စနောက်နေတာကြောင့် ပရိသတ်များလည်း ပျော်ရွှင်ခဲ့ရတယ်လို့ သိရပါတယ်။

Source & Photo : 7day Daily

ဖျော်ဖြေပွဲကို သွားကြည့်ဖြစ်လား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ