Local Celebrity: သေချာတဲ့ ဘဝလက်တွဲဖော်တွေ့ရင် ပရိသတ်ကို ပြောပြမှာပါဆိုတဲ့ သွန်းဆက်

လက်ရှိအချစ်ရေးက အေးအေးဆေးဆေးပါတဲ့။

play

 

အရင်တုန်းကတော့ အသည်းကွဲသွားတဲ့ သွန်းဆက်ဆိုပြီး နာမည်ကြီးသွားတဲ့ သွန်းဆက်ရဲ့ အချစ်ရေးက လက်ရှိမှာ အေးအေးဆေးဆေး ဖြစ်နေတယ်လို့ ဆိုပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ ဒီ့ထက်ပိုပြီး တည်တည်ငြိမ်ငြိမ်လေး ဖြစ်အောင် လက်တွဲသွားရဖို့ ကြိုးစားနေတယ်လို့ သူမက ပြောပါတယ်။

play

 

ပရိသတ်တွေကိုလည်း သူမအတွက် သေချာတဲ့ ဘဝလက်တွဲဖော် တွေ့ပြီဆိုရင် Public ကို ချပြမှာ ဖြစ်သလို ပရိသတ်တွေကို ပြောပြသွားမှာပါလို့ ဆိုပါတယ်။

play

 

ယခုလက်ရှိမှာတော့ အချင်းချင်းနားလည်မှုတွေနဲ့ တည်ဆောက်ထားပေမဲ့ နောက်ပိုင်း ဘယ်လိုတွေ ဖြစ်လာနိုင်မလဲ ဆိုတာ မသိသေးတဲ့အတွက် ပရိသတ်တွေကို မပြောပြသေးတာပါလို့ Myanmar Celebrity မှာ ဖြေဆိုထားပါတယ်။ သွန်းဆက်က လက်ရှိမှာ "ရှေ့သွားနောက်လိုက်" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် နေတယ်လို့ သိရပါတယ်။

Source : Myanmar Celebrity

Photo  : သွန်းဆက် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ