Local Celebrity: သက်ငယ်မုဒိမ်းမှုကို ထင်ဟပ်စေမယ့် ဇာတ်လမ်းတို ရိုက်ကူးမယ့် သည်ခေတ်နေ

ဇာတ်လမ်းတို နာမည်ကတော့ "အနာဂတ်ကို သတ်ပုံမဖျက်နဲ့" ဖြစ်ပါတယ်။

play

 

လတ်တလော လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွေမှာ တွေ့မြင်နေကြရတဲ့ သက်ငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက် လို့ ခံစားနေရတဲ့ ဒါရိုက်တာ သည်ခေတ်နေကတော့ ပြည်သူတွေကို မက်ဆေ့ခ်ျရရှိဖို့ ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတို တစ်ပုဒ်ကို နိုဝင်ဘာလကုန်မှာ စတင်ရိုက်ကူးမယ်လို့ သိရပါတယ်။ သက်ငယ်မုဒိမ်းမှုကို ထင်ဟပ်စေမယ့် ဇာတ်လမ်းတိုရဲ့ နာမည်ကို "အနာဂတ်ကို သတ်ပုံမဖျက်နဲ့" လို့ ပေးထားပြီး ဘိုဘိုမြူးဇစ်ထုတ်လုပ်ရေးကနေ ရိုက်ကူးဖို့စီစဉ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဇာတ်လမ်းတိုက ငါးမိနစ်နီးပါးသာ ကြာမြင့်မှာ ဖြစ်ပြီး နာမည်ကြီး သရုပ်ဆောင် နှစ်ဦးနဲ့ ရိုက်ကူးမှာဖြစ်ပြီး အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအား သရုပ်ဆောင်ဖို့ရှာနေတယ်လို့ သိရပါတယ်။ အနာဂတ်ကို သတ်ပုံ မဖျက်နဲ့ ဇာတ်လမ်းတိုကို လူမှုကွန်ရက်စာမျက်နှာပေါ်များနဲ့ မီဒီယာများမှ ထုတ်လွှင့်ပြသရန် စီစဉ်ထားတယ်လို့ သိရပါတယ်။

Source : စံတော်ချိန်

Photo  : သည်ခေတ်နေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ