Local Celebrity: ရင်သွေးအမြန်လိုချင်နေတဲ့ မင်းဦး

မင်္ဂလာညစာစားပွဲကို နိုဝင်ဘာ (၂၈)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

play

 

ချစ်သူသက်တမ်း(၁၀)နှစ်ကျော်အချိန်မှာ လက်ထပ်ခဲ့တဲ့ မင်းဦးနဲ့ ခိုင်ဝေလွင်တို့ရဲ့ မင်္ဂလာညစာစားပွဲကတော့ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အနုပညာညီအစ်ကို မောင်နှမများစွာ တက်ရောက်ခဲ့ပြီး ပျော်ရွှင်စရာ ကောင်းတဲ့ မင်္ဂလာပွဲ တစ်ပွဲ ဖြစ်ခဲ့ပါတယ်။

play

 

မင်းဦးအနေနဲ့ ဇာတ်ကားရိုက်ကူးမှုတွေ ရှိနေသေးတာကြောင့် ဟန်းနီးမွန်းကိုတော့ လောလောဆယ်မှာ မထွက် ဖြစ်သေးဘူးလို့ သိရပါတယ်။ ရုပ်ရှင်ဇာတ်ကားနဲ့ TV စီးရီးတွေ ရိုက်ရမှာ ဖြစ်တဲ့အတွက် နောက်လမှသာ တစ်နေရာရာသွားဖြစ်မယ်လို့ သိရပါတယ်။

play

 

သူ့ရဲ့ အသက်အရွယ်အရ ရင်သွေးရမယ်ဆိုရင်တော့ အမြန်ဆုံးလိုချင်တယ်လို့ သူက ပြောပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ