Local Celebrity: မွေးနေ့မှာ မိဘနှစ်ပါးကို သွားကန်တော့ခဲ့တဲ့ ပြေတီဦး

နိုဝင်ဘာ(၃၀)ရက်နေ့ ဒီနေ့ဟာ ပြေတီဦးရဲ့ မွေးနေ့ ဖြစ်ပါတယ်။

play

 

ဒီနေ့ဟာ ပြေတီဦးရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူ့ရဲ့ မွေးနေ့မှာ မနက်စောစော မိဘနှစ်ပါးကို သွားရောက် ကန်တော့ခဲ့ တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

play

 

မွေးဖွားပေးရုံတင်မက ကျွေးမွေးစောင့်ရှောက်ဆုံးမသွန်သင်ခဲ့တဲ့ ဆပ်လို့မကုန်နိုင်တဲ့ ကျေးဇူးများကို ရိုသေစွာ ရှိခိုးဦးခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

play

ပြေတီဦးဟာ နိုဝင်ဘာ(၂၉)ရက်နေ့က သူ့ရဲ့ မွေးနေ့အကြိုကို Fan တွေနဲ့အတူ ပျော်ရွှင်စွာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ ပြေတီဦးရဲ့ မွေးနေ့အတွက်ကိုလည်း ညီမဖြစ်သူ ဒေါက်တာငွေတီဦးက ရန်ကုန်ဆေးရုံကြီး ကင်ဆာဆောင် လူနာများ အတွက် ညနေစာအဖြစ် ထမင်းနဲ့ ဝက်သားဟင်းကို လှူဒါန်းပေးခဲ့ပါသေးတယ်။

Photo : ပြေတီဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ