Local Celebrity: ယောက်ျားယူတော့မယ်လို့ ပရိသတ်ကို ပြောလိုက်တဲ့ ရွှေမှုံရတီ

နောက်၂နှစ်နေရင် ယူမယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ စနောက်ပြီး ရေးသားထားပါတယ်။

play

 

ရွှေမှုံရတီကတော့ အခုရက်ပိုင်းမှာ ချစ်သူကို သတိရကြောင်းနဲ့ အချစ်နဲ့ ပတ်သက်တဲ့ status တွေကို သူမရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ ဆက်တိုက်ဆိုသလို ရေးသားနေတာ တွေ့နေရပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့ ည (၉)နာရီကျော် လောက်က status တစ်ခုနဲ့ သူမက ပရိသတ်တွေကို သွေးတိုးစမ်းလိုက်ပါတယ်။

play
play

 

အဲဒါကတော့ နောက်၂နှစ်နေရင် ယောက်ျားယူမယ်ဆိုပြီး စထားတဲ့ status တစ်ခုကို ရေးလိုက်ပါတယ်။

"နောက်၂နှစ်နေရင် ယောက်ျားယူမယ်။ လို့မပြောပါဘူးဟယ်။ စတာပါ နောက်တာပါ အတည်ပါ" လို့ ရေးသားထား ပါတယ်။

play

 

သူမရေးထားတဲ့ စာတွေကြောင့် ပရိသတ်တွေကတော့ ယောက်ျားမယူဖို့ အကယ်ဒမီဆုရအောင် လုပ်ဖို့နဲ့ ခုလိုမျိုး မနောက်ဖို့ကို အောက်က ကောမန့်တွေမှာ ရေးသားထားပါတယ်။ ရွှေမှုံရတီက ယခင်က အချစ်ရေးနဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်ပေါ်မှာ ဘာမှ မရေးပေမဲ့ အခုနောက်ပိုင်းမှာတော့ အချစ်ရေးနဲ့ ပတ်သက်လို့ ရေးသားလာတာကို တွေ့မြင်ရပါတယ်။

Photo : ရွှေမှုံရတီ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ