Local Celebrity: အလှမယ် မြတ်သီရိလွင် အတွက် အွန်လိုင်းမဲ စတင်ပေးနိုင်ပြီ

play

 

Miss World 2016  ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် သွားရောက်ယှဉ်ပြိုင်တဲ့ Miss Myanmar world 2016 ဆုရှင် မြတ်သီရိလွင်က ဝါရှင်တန်ဒီစီမှာ ယှဉ်ပြိုင်လို့ နေပြီ ဖြစ်ပါတယ်။ မြန်မာကိုယ်စားပြု အဖြစ် သွားရောက် ယှဉ်ပြိုင် နေတဲ့ မြတ်သီရိလွင်အတွက် အွန်လိုင်းမဲများ စတင်ပေးနိုင်ပြီ ဖြစ်တယ်လို့ Miss Myanmar World ဖေ့စ်ဘွတ်ကနေ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

play

 

Voting ပေးနည်းကတော့ မြန်မာအပါအဝင် ကြိုက်နှစ်သက်တဲ့ အလှမယ်သုံးဦးကို ရွေးချယ်ပြီး ပေးရမှာ ဖြစ်ပါတယ်။ Voting ပေးနည်းကတော့ Miss World application ကို Miss Myanmar World ဖေ့စ်ဘွတ်ကနေ ဒေါင်းယူကာ Voting ပေးရမှာ ဖြစ်ပါတယ်။

play

 

ဒေါင်းပြီးတာနဲ့ application ကိုဖွင့်ကာ ညာဘက်ထောင့်မှ Menu ကိုနှိပ်ပါ။ Menu အောက်မှ Contestants ကိုနှိပ်ပြီး Search မှာ Myanmar ဆိုပြီး ရှာဖွေပါက Myat Thiri Lwin ပုံပေါ်လာပါမှာ ဖြစ်ပါတယ်။ ပုံအောက်မှာရှိသော Add to Top 3 ကိုနှိပ်ပြီး မိမိကြိုက်နှစ်သက်သော အခြားနိုင်ငံမှ Miss နှစ်ဦးကို ဆက်လက် Voting ပေးရမှာဖြစ်ပါတယ်။ Miss Bella အပါအ၀င် Miss (၃) ဦးကို Voting ပေးပြီးပါက Vote Now ကိုနှိပ်ပြီးပါက Voting အဆင့်များပြီးဆုံးပြီ ဖြစ်ပါတယ်။

Miss Myanmar World Page ကို ဝင်ကြည့်ပြီး မြန်မာအလှမယ် မြတ်သီရိလွင်အတွက် Miss World application ကို ရယူကာ Vote ပေးကြပါစို့နော်။

Source & Photo : Miss Myanmar World ဖေ့စ်ဘွတ်

မြတ်သီရိလွင်(ခ) Bella အတွက် မဲပေးကြမှာလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ