Local Celebrity: ဖောင်ဒေးရှင်းက ကလေးတွေနဲ့ မွေးနေ့ကို ဖြတ်သန်းခဲ့တဲ့ ပြေတီဦး

မွေးနေ့တိုင်းမှာ ကလေးတွေနဲ့ ဖြတ်သန်းဖြစ်တယ်လို့ ဆိုပါတယ်။

play

 

နိုဝင်ဘာ(၃၀)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ပြေတီဦးရဲ့ မွေးနေ့မှာ ပြေတီဦးဖောင်ဒေးရှင်းက ကလေးတွေနဲ့ မွေးနေ့ကို ဖြတ်သန်းခဲ့ပါတယ်။ ဖောင်ဒေးရှင်း စပြီး တည်ထောင်ချိန်ကတည်းက သူ့ရဲ့ မွေးနေ့တိုင်းကို ဖောင်ဒေးရှင်းမှ ပညာသင်ကြေးထောက်ပံ့ထားတဲ့ ကလေးများနဲ့သာ အချိန်ပေးတွေ့ဆုံဖြစ်တာကြောင့် ဒီနှစ်မှာလည်း သူတို့ကိုပဲ အချိန်ပေးဖြစ်တယ်လို့ သူက ဆိုပါတယ်။

play

 

ယခုနှစ်မှာ ပြေတီဦးဖောင်ဒေးရှင်းနဲ့ ပြင်ပမှ အလှူရှင်များရဲ့ ထောက်ပံ့မှုများအပါအဝင် ကျောင်းသား ၂၉ဦးအတွက် ပညာသင်ထောက်ပံ့ကြေးပေးနိုင်ခဲ့ပြီး ယခုအချိန်ထိ ပြေတီဦးဖောင်ဒေးရှင်းက ပညာသင်ထောက်ပံ့ကြေးပေးတဲ့ ကျောင်းသား ၁၇၀ကျော် ရှိလာပြီလို့ သူက ပြောပါတယ်။

play

 

ပြေတီဦးဖောင်ဒေးရှင်းအနေနဲ့ စတင်တည်ထောင်ချိန်က ပညာရေးတစ်ခုအတွက်သာ ထောက်ပံ့ရန် ရည်ရွယ်ခဲ့ သော်လည်း ဖောင်ဒေးရှင်းရဲ့ ရန်ပုံငွေ တောင့်တင်းလာပါက အခြားလူမှုရေးလုပ်ငန်းများတွင် ပါဝင် လှူဒါန်းမှုများ ပြုလုပ်နိုင်ရန် အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

Source : 7day Daily

Photo  : 7day Daily ၊ My Dream

ပြေတီဦးရဲ့ ပညာရေး ဖောင်ဒေးရှင်းကို ဘယ်လိုမြင်ပါသလဲ။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ