Local Celebrity: ဝေဖန်မှုတွေကို ပြန်ရှင်းလိုက်တဲ့ ထားထက်ထက်

ပရိသတ်တွေရဲ့ ဝေဖန်မှုတွေထဲမှာ သူမရဲ့ အဖေနဲ့အမေကို ပြောထားတဲ့ ဝေဖန်စကားတွေကို အရမ်းစိတ်မကောင်း ဖြစ်မိတယ်လို့ ဆိုပါတယ်။

play

 

လိင်အကြမ်းဖက်မှု ပပျောက်ရေး ဆန္ဒထုတ်ဖော်ပွဲမှာ ထားထက်ထက်ပြောခဲ့တဲ့ စကားတွေအပေါ် နားလည်မှုလွဲတာနဲ့ ပတ်သက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ပရိသတ်တွေ ဝေဖန်ခဲ့တာက တော့ "ယောက်ျားဆိုရင် အဖေတောင်မယုံနဲ့ဆိုတဲ့" စကားနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

သူမအနေနဲ့လည်း အဲဒီလို မပြောခဲ့ကြောင်း ဖေ့စ်ဘွတ်ကနေတစ်ဆင့် ပွဲနေ့မှာ သူမပြောခဲ့တဲ့ ဗီဒီယိုဖိုင်တွေကို တင်ပြီး ပရိသတ်တွေကို ပြန်လည်ရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့လည်း ဝေဖန်မှုကတော့ လျော့မသွားခဲ့ပါဘူး။

play

 

သူမမပြောခဲ့တဲ့ စကားအတွက် သူမရဲ့ မိဘတွေကို ထိခိုက်စေလာတာကြောင့် အရမ်းကို စိတ်မကောင်းဖြစ်မိတယ်လို့ 7day TV ရဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

play

 

သူမဟာ အနုပညာရှင်တစ်ယောက်ဖြစ်သလို Miss Myanmar တစ်ယောက်ဖြစ်တဲ့အတွက် စကားပြောရာမှာ ဆင်ခြင် ပြောခဲ့ပြီး ပရိသတ်တွေထင်သလို စကားမျိုးကိုလည်း မပြောခဲ့ကြောင်း အင်တာဗျူးမှာ ပြောပြထားပါတယ်။

Source : 7day TV

Photo  : ထားထက်ထက် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ