Local Celebrity: ဖိုးကာသမီးလေးရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေ

စီးရီးနာမည်ကိုတော့ "Logo" လို့ ပေးထားပါတယ်။

play

 

အဆိုတော် ဖိုးကာရဲ့ သမီလေး ဖူးဖူးသစ်ရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေကို ဒီဇင်ဘာ(၇)ရက်နေ့မှာ ဖြန့်ချိမယ်လို့ သိရပါတယ်။ အဲဒီအခွေအတွက် သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ(၁)ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပ ပြုလုပ်ခဲ့ပြီး အနုပညာရှင်များစွာ တက်ရောက်အားပေးခဲ့ကြပါတယ်။

play

 

"Logo" လို့ ပေးထားတဲ့ သူမရဲ့ စီးရီးခွေထဲမှာ သီချင်း(၈)ပုဒ်ပါဝင်ပြီး ဖခင်ဖြစ်သူ ဖိုးကာက သီချင်း (၆)ပုဒ်ရေးသား ပေးထားတယ်လို့ သိရပါတယ်။ "Logo" ဆိုတဲ့ စီးရီးကို Audio အနေနဲ့ အရင်ထွက်ရှိမှာ ဖြစ်ပါတယ်။ သူမကိုလည်း ဖခင်လို အောင်မြင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါစေလို့ Duwun အဖွဲ့သားတွေက ဆုတောင်းပေးလိုက်ပါတယ်။

Source : Popular News

Photo  : အေးဇော်မိုး (စက်မှု) ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ