Local Celebrity: ဦးဇင်ဝိုင်းအတွက် အကယ်ဒမီ စာရင်းဝင်ခဲ့တဲ့ "မယုံရင် ပုံပြင်ပေါ့" ရုပ်ရှင်

ယခုနှစ်အကယ်ဒမီ စာရင်းဝင်ရန် နိုဝင်ဘာလကုန်မှာ ရုံတင်ပြသခဲ့တာ လို့ သိရပါတယ်။

play

 

မယုံရင်ပုံပြင်ပေါ့" ရုပ်ရှင်ဇာတ်ကားမှာ ဆင်းရဲသားလူတန်းစားများရဲ့ ဘဝကို ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ အဲဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဦးဇင်ဝိုင်းရဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ၂၀၁၆ ခုနှစ်အကယ်ဒမီ စာရင်းဝင်ဖို့ ရုံတင်ပြသခဲ့တာလို့ သိရပါတယ်။

play

 

အဲဒီရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ဒိန်းဒေါင်က ရိုက်ကူးထားတာ ဖြစ်ပြီး စိုင်းလွှမ်း၊ဇင်ဝိုင်း၊ နန်းထက် ထက်ဦးနဲ့ နာမည်ကြီးသရုပ် ဆောင်များက   ဧည့်သည် သရုပ်ဆောင်များအဖြစ်  ပါဝင်ထားပါတယ်။ အဲဒီဇာတ်ကားမှာ စိုင်းလွှမ်းနဲ့ ဦးဇင်ဝိုင်းတို့က သားအဖနှစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး ဇင်ဝိုင်းမှာ ဉာဏ်ရည်မမီတဲ့သားကို ချစ်တဲ့ ဖခင်တစ်ဦး နေရာက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

play

 

မယုံရင်တော့ပုံပြင်ပေါ့ ရုပ်ရှင်ဇာတ်ကားကို ယခုနှစ်အကယ်ဒမီ စာရင်းဝင်ရန် မြောက်ဥက္ကလာပမြို့နယ် ကန်သာယာ ရုပ်ရှင်ရုံမှာ နိုဝင်ဘာ၂၉ရက်နေ့ကစလို့ ဒီဇင်ဘာ၁ရက်နေ့အထိ ရုံတင်ပြသခဲ့ပါတယ်။

Source : 7day Daily

ဦးဇင်ဝိုင်းကို အကယ်ဒမီ ရစေချင်ကြလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ