Local Celebrity: တစ်ပတ်အတွင်း လူကြည့်အများဆုံး ပြည်တွင်း အနုပညာသတင်းများ

Duwun ဝက်ဘ်ဆိုက်မှာ ပရိသတ်များ စိတ်ဝင်စားမှုအများဆုံး အနုပညာသတင်းတွေ ဖြစ်ပါတယ်။

play

 

အွန်လိုင်းမှာ ပြန့်နေတဲ့ အောင်လနဲ့ ဝိုင်းစုတို့ရဲ့ ဓာတ်ပုံများ

လက်ရှိ အွန်လိုင်းမှာ ပြန့်နေတာကတော့ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ရဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ အတူ ရိုက်ကူးရာမှာ အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့က လက်ချင်းချိတ်ထားတာကြောင့် သူတို့နှစ်ဦးရဲ့ အကြောင်းကို ပရိသတ်တွေ စိတ်ဝင်စားလို့ နေကြပါတယ်။

play

 

ဝိတ်ချနည်း ပြောပြလာတဲ့ မယ်လိုဒီ

ပရိသတ်များနဲ့ အဆက်အသွယ် နည်းနည်းပြတ်သွားတဲ့ မယ်လိုဒီက ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးလို့ နေပါပြီ။ ဇာတ်ကားတွေ ပြန်ရိုက်လာတဲ့ သူမရဲ့ ခန္ဓာကိုယ် ကလည်း အရင်တုန်းကနဲ့ မတူဘဲ ပြောင်းလဲလာတာကို တွေ့ရပါတယ်။

play

 

ရင်သွေးယူတော့မယ့် တင်ဇာမိုးဝင်းတို့ ဇနီးမောင်နှံ

ဇွန်လထဲမှာမင်္ဂလာပွဲ ပြုလုပ်ခဲ့တဲ့ ဖြိုးဝေလှိုင်နဲ့ တင်ဇာမိုးဝင်တို့က ၂၀၁၇ ခုနှစ်ထဲမှာ ရင်သွေးယူတော့မယ်လို့ သိရ ပါတယ်။ အိမ်ထောင့်တာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နေတဲ့ တင်ဇာမိုးဝင်းကတော့ သူမချစ်တဲ့ အနုပညာ အလုပ်တွေ ကိုလည်း မလစ်ဟင်းအောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

play

 

ရင်သွေးအမြန်လိုချင်နေတဲ့ မင်းဦး

ချစ်သူသက်တမ်း(၁၀)နှစ်ကျော်အချိန်မှာ လက်ထပ်ခဲ့တဲ့ မင်းဦးနဲ့ ခိုင်ဝေလွင်တို့ရဲ့ မင်္ဂလာညစာစားပွဲကတော့ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ အနုပညာညီအစ်ကို မောင်နှမများစွာ တက်ရောက်ခဲ့ပြီး ပျော်ရွှင်စရာ ကောင်းတဲ့ မင်္ဂလာပွဲ တစ်ပွဲ ဖြစ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ