Local Celebrity: မြန်မာရုပ်သေးအက သေချာသင်နေတဲ့ ဥက္ကာမင်းမောင်

ပြိုင်ပွဲအတွက် ကြိုးစားနေတယ်လို့သိရပါတယ်။

play

 

ဖိလစ်ပိုင်မှာကျင်းပပြုလုပ်မယ့် Mr Tourism World 2016 ပြိုင်ပွဲရဲ့ Talent ပိုင်းတွင် မြန်မာ့ရုပ်သေးအကနဲ့ ကပြဖျော် ဖြေမှာ ဖြစ်တဲ့အတွက် ရုပ်သေးအကကို သေချာသင်ယူနေတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ မြန်မာအကကို ယဉ်ကျေးမှုက ဆရာဆီမှာ သွားသင်နေတာဖြစ်ပြီး နိုင်ငံတကာအလယ်မှာ မြန်မာ့ရုပ်သေးအက ဆိုတာလေးကို ချပြနိုင်တဲ့အနေအထားလေး ရအောင် ဆက်လက်ကြိုးစားနေတယ်လို့ ဆိုပါတယ်။

play

 

"ပြိုင်ပွဲအတွက် မြန်မာအကကို ယဉ်ကျေးမှူက ဆရာဆီမှာသွားသင်နေတာ တော်တော်လဲ ခက်ပါတယ်။ ဆရာကော ယဉ်ကျေးမှူက ကလေးတွေကော အားလုံး အရပ်ကူပါလူဝိုင်းပါ သေချာသင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကြည့်ရတာ ဗျိုင်းပျံနေသလိုပဲ အချိုးအဆစ်တွေ က မပျော့တာက ကျွန်တော်အကြောကအရမ်းမာတာ  ရုပ်သေးကလဲ ဒူးထောက် ထားရတာ ဒူးတွေနာ. ဆရာက ပြောတယ် ဖင်ကောက်ထားဖင်ကောက်ထားတဲ့။ကောက်တာပဲ ပြီးရင် ပြန်ပြီး ကုန်းကုန်း ကြီးဖြစ်သွားရော။ လက်ချောင်းလေးတွေ ကော့ထားဆိုလဲ အဲ့ဒါ အကုန်ပဲ ထပ်ကော့လို့မရ.. မြန်မာ အက ကျွမ်းကျွမ်း ကျင်ကျင် ကတတ်တဲ့သူတွေကို တကယ်လေးစားတယ်။လုံးဝမလွယ်ဘူး။ တီးလုံးက ဝါးတချက်မှာ တခါချိုးတဲ့ ဝါးက ဘယ်အချိန် ချပ်လိုက်မှန်းကို မကြားတာ နားထောင်ကျင့်မရှိတော့ ဘာက ဝါးအသံမှန်းမသိ စည်းနဲ့ဝါးနား မလည်  ငယ်ငယ်က မသင်ခဲ့တာ နောင်တရပါတယ်.။ပြိုင်ပွဲမှာ talent ပြရမယ်ဆိုတော့လဲ မြန်မာ့ယဉ်ကျေးမှူ ကိုပြချင် လို့  ဒါကိုရွေးချယ်လိုက်တာ..နိုင်ငံတကာအလယ်မှာ မြန်မာ့ရုပ်သေးအကဆိုတာလေး ချပြနိုင်တဲ့အနေအထား လေးရရင်ကိုပဲကျေနပ်ပြီ" လို့ သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

play

 

ဥက္ကာမင်းမောင်ဟာ Mister Tourism World ပြိုင်ပွဲကို ဒီနေ့ (ဒီဇင်ဘာ၂)ရက်နေ့ ည(၇)နာရီ လေယာဉ်နဲ့ Philippines ကိုသွားတော့မယ်လို့ သိရပါတယ်။

Photo : ဥက္ကာမင်းမောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ