Local Celebrity: မတ်လလယ်မှာကျင်းပမယ့် အကယ်ဒမီ ပေးပွဲ

အနုပညာရှင်များသာမက ပရိသတ်များလည်း စောင့်မျှော်နေကြတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။

play

 

၂၀၁၆ခုနှစ်အတွက် ချီးမြှင့်မယ့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားကို လာမယ့် နှစ် မတ်လလယ်လောက်တွင် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ရုပ်ရှင်ဇာတ်ကားများကို  ဒီဇင်ဘာ နောက်ဆုံးရက်အထိ ရုံတင်တာကို စောင့်ကြည့်မှာ ဖြစ်ပြီး လောလောဆယ်မှာ အကယ်ဒမီပေးပွဲရက်ကို မတ်လ (၁၈)ရက်နဲ့ (၁၉)ရက်ကို လျာထား တယ်လို့ သိရပါတယ်။

play

 

နိုဝင်ဘာလကုန်အထိ ရုပ်ရှင်ထူးချွန်ဆုစာရင်းဝင် ၂၈ကားရှိတယ်လို့ ရုပ်ရှင်ထူးချွန်ဆုစီစစ် အကဲဖြတ်ရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ယခုနှစ်ဆုရွေးချယ်ရေးအပိုင်းကိုလည်း ပြီးခဲ့တဲ့ နှစ်က ဆုရွေးချယ်တဲ့ ပုံစံကို ပြန်လည်ပြောင်းလဲ ထားတယ်လို့ သိရပါတယ်။

‘‘အရင်တုန်းက စိစစ်ရွေး ချယ်တဲ့ပုံစံဟောင်းကို ပြန်ယူထား တယ်။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်က သက်ဆိုင်ရာ ဘာသာရပ် ကိုပဲ စိစစ်ရွေးချယ်တဲ့စနစ်ကို ကျင့်သုံးခဲ့တယ်။ အဲဒီမှာ အားနည်းချက်က ဘာသွားတွေ့လဲဆိုတော့ စိစစ်ရွေးချယ်တဲ့ပညာရှင်အရေ အတွက် အင်မတန်နည်းပါးတာ ကိုတွေ့ရတယ်။ ဒါကြောင့် ဟိုး အရင်နှစ်တွေက စိစစ်ရွေးချယ်တဲ့ ပုံစံအတိုင်းပဲ စိစစ်ရွေးချယ်တဲ့သူ တွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ဆုအဖြစ် သတ်မှတ်ပေးမှ ဆုအ ဖြစ်ရွေးချယ်ဖို့ အဲဒီလိုစည်းကမ်း ချက်သတ်မှတ်ထားပါတယ်’လို့ လူမင်းက 7day Daily မှာ ဖြေဆိုထားပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ