Local Celebrity: ခေတ်ရေစီးကြောင်းအလိုက် သီချင်းတွေကိုလည်း ဖန်တီးသွားမယ့် ဖိုးသောကြာ

ဇာတ်ကားရိုက်ကူးမှုတွေကတော့ (၆)နှစ်ကြာ နားထားခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

play

 

မြန်မာသံစဉ်သီချင်းများကို သီဆိုနေတဲ့  တေးသံရှင် ဖိုးသောကြာက နောက်ပိုင်းမှာ ခေတ်ရေစီးကြောင်းအလိုက် သီချင်းများကို ဖန်တီးသွားဖို့ စိတ်ကူးရှိတယ်လို့ ဆိုပါတယ်။ မြန်မာသံစဉ်သီချင်းတွေ နားထောင်မှု နည်းသွားတဲ့ အပေါ်မှာလည်း  "မြန်မာသံစဉ်တွေက နားထောင်တာနည်းသွားကြတယ်။  ဒါကတော့ အခုခတ်နာမည်ကြီး နေတဲ့ အဆိုတော်တွေ ခေတ်ပေါ်စတူရီယိုအဆိုတော်တွေပြောကျတာပေါ့၊  ဘယ်လိုပြောမလဲ ခေတ်ရေစီး ကြောင်းပေါ် လိုက်ပြီးတော့ ပြောင်းလဲမှုကလိုက်ရတာပေါ့၊ အဲဒါလည်း အဓိကကျတယ်လို့ ထင်ပါတယ်၊ကျွန်တော်အနေနဲ့လည်း ခေတ်ရေစီးကြောင်းပေါ်လိုက်ပြီး သီချင်းတွေဖန်တီးသွားဖို့ ရှိပါတယ်၊ စိတ်ကူးလေးတွေတော့ရှိပါတယ်” လို့ သူက ဆိုပါတယ်။

play

 

ဖိုးသောကြာဟာ မြန်မာသံစဉ်သီချင်းခွေအတွက် ပြင်ဆင်မှုတွေ လုပ်နေပြီး ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ ထွက်နိုင် အောင်ကြိုးစားနေပြီး ဇာတ်ကားရိုက်ကူးမှုတွေ(၆)နှစ်ကြာ နားထားခဲ့ရာ နောက်ပိုင်းမှာလည်း ဇာတ်ကားတွေ ရိုက်ကူးသွားဖို့လည်း မရှိတော့ဘူးလို့ သိရပါတယ်။

Photo : ဖိုးသောကြာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ