Local Celebrity: ကလေးယူဖို့ ကြိုးစားနေတဲ့ ယုဇန

စီးရီးခွေလည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

play

 

အိမ်ထောင်သက် (၈)နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် ယုဇနကတော့ ကလေး ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ကလေးယူဖို့ ကြိုးစားနေပေမယ့်လည်း ကလေးမရသေးတဲ့အတွက် အားလုံးဝိုင်းပြီး ဆုတောင်းပေးဦးလို့လည်း သူမက ဆိုပါတယ်။

play

 

အိမ်ထောင်ကျပြီး နောက်ပိုင်းမှာ ပြည်ပကို ထွက်သွားဖြစ်တဲ့ ယုဇနက ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ် သွား ခဲ့ပါတယ်။ အချိန်ကာလတစ်ခု ကြာမြင့်သွားပြီဖြစ်ကာ အဆိုရှင် အသစ်တွေလည်း ပေါ်ထွက်လာတာကြောင့် အခြား ကိစ္စတွေမှာ သူမအတွက် အခွင့်အလမ်းနည်းသွားတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ သူငယ်ချင်းတွေနဲ့ အတူ သင်္ကြန်စီးရီးခွေလေး လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီအခွေကိုလည်း သူမကိုယ်တိုင် သူငယ်ချင်းတွေနဲ့ စီစဉ်တာ ဖြစ်ပြီး ကိုယ်ထူကိုယ်ထ လုပ်ရတဲ့ အခြေအနေဖြစ်တာကြောင့် အရင်လို ခပ်စိပ်စိပ်တော့မလုပ်ဖြစ်ပေမယ့် ပြန်ပြီး ကြိုးစားနေပါတယ်လို့ သူမက ပြောပါတယ်။

Source : Myanmar Celebrity၊ Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ