play

 

သရုပ်ဆောင် လင်းဇာနည်ဇော်က ဇာတ်ကားရိုက်ကူးမှုတွေ မလုပ်တော့ပေမယ့်လည်း ထုတ်လုပ်ရေး လုပ်ငန်းလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ သူမရဲ့ထုတ်လုပ်ရေးက ပထမဆုံး ထုတ်လုပ်မယ့် ဇာတ်ကားကိုလည်း ပရိသတ် ကြိုက်နိုင်မယ့် ဟာသဇာတ်လမ်းမျိုး ရိုက်ကူးဖို့ ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

play

 

ထုတ်လုပ်သူတွေအနေနဲ့ ဇာတ်ကားရိုက်ကူးမှုတွေကို မြန်မြန်ရိုက်၊ မြန်မြန်ထုတ်၊ မြန်မြန်ရချင်ပေမယ့် သရုပ်ဆောင် တွေရဲ့ အားတဲ့ ရက်နဲ့ ညှိကာ ဇာတ်ကားရိုက်ကူးရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

play

 

သမီးဖြစ်သူ မြူလင်းကိုကိုမှာလည်း အနုပညာကို ဝါသနာပါပေမယ့် ပညာရေးကို တစ်ပိုင်းတစ်စ ဖြစ်မှာ စိုးတဲ့အတွက် ပညာရေးကို ဦးစားပေး သင်စေချင်တာကြောင့် သမီးကို ပြည်ပသို့ ပညာသင်စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ ယခင် က ဖျော်ဖြေရေး ခရီးတွေ ဆက်တိုက်သွားဖြစ်နေပေမယ့်လည်း နောက်ပိုင်းမှာ ဖခင်ကို အချိန်ပေး ပြုစုပေး ဖြစ်နေတယ် လို့သိရပါတယ်။

Source : 7day Daily

Photo  : လင်းဇာနည်ဇော်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video