Local Celebrity: အလှမယ်တွေနဲ့ ရိုက်ကူးထားတဲ့ နာရေးကူညီမှုအသင်း မဂ္ဂဇင်းမျက်နှာဖုံး

နာရေးကူညီမှုအသင်းရဲ့ (၁၆)နှစ်ပြည့် နှစ်ပတ်လည် အတွက် ဖြစ်ပါတယ်။

play

 

နာရေးကူညီမှုအသင်းရဲ့  (၁၆)နှစ်ပြည့် နှစ်ပတ်လည် မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံကို အလှမယ်များ သရုပ်ဆောင် များနဲ့ အတူ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံကို ကျော်သူက နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ ထာားထက် ထက်၊ ခိုင်သဇင်ငုဝါ၊ ယမုံဦးတို့နဲ့အတူ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး သရုပ်ဆောင်မိန်းကလေးများက သရဲပုံစံများ ခြယ်သပြီး ရိုက်ကူးခဲ့ခြင်း ဖြစ်ပါတယ်။

နာရေးကူညီမှုအသင်းအနေနဲ့ နှစ်ပတ်လည်မဂ္ဂဇင်းကို (၁၆)နှစ်ပြည့်အတွက် ပထဆုံးအကြိမ်ထုတ်ဝေခြင်းဖြစ်ပြီး လာမယ့် ဇန်နဝါရီလဆန်းမှာ ဖြန့်ချိမယ်လို့ သိရပါတယ်။ အဲ့ဒီမဂ္ဂဇင်းထဲတွင် ပရဟိတအကြောင်းများ၊ ကဗျာများ၊ ကာတွန်းများ၊ ဘဘဦးတင်ဦးရဲ့စာများနဲ့ နယ်ပေါင်းစုံက ပရဟိတအသင်းတွေရဲ့ လိပ်စာတွေကိုလည်း ထည့်ပေးသွားမယ်လို့ သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ