Local Celebrity: သူငယ်ချင်းတွေ ပရိသတ်တွေကျင်းပခဲ့တဲ့ သဉ္ဇာဝင့်ကျော်ရဲ့ မွေးနေ့ပွဲ

ဒီနေ့က သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။

play

 

ဒီနေ့(ဒီဇင်ဘာ၎)ရက်နေ့ကတော့ သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာ သူငယ်ချင်းတွေ ပရိသတ်တွေနဲ့အတူ မွေးနေ့ပွဲကို ကျင်းပရတဲ့အတွက် ပျော်နေပါတယ်။ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုလုံးလည်း သူငယ်ချင်းတွေနဲ့ ပရိသတ်တွေရဲ့ မွေးနေ့ဆုတောင်း စကားသံများနဲ့ ပြည့်နေပါတယ်။

play

 

မွေးနေ့ကို ပရိသတ်တွေနဲ့ ဖြတ်သန်းပြီး  Mcube Family Karaokeမှာ သီချင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ သူမရဲ့ မွေးနေ့မှာ ပရိသတ်တွေ သူငယ်ချင်းတွေက အရုပ်များ၊ ပန်းစည်းများနဲ့ မွေးနေ့လက်ဆောင်များ ပေးခဲ့ကြပါတယ်။

play

 

မွေးနေ့မှာ ပျော်ရွှင်နေတဲ့ သူမရဲ့ ပုံတွေကိုလည်း ပရိသတ်တွေ တွေ့မြင်ရအောင် သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်က နေ ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo : သဉ္ဇာဝင့်ကျော် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ