Local Celebrity: နီနီဝင်းရွှေနဲ့ ဂန္တဝင် အနုပညာရှင်ကြီးများ ဖျော်ဖြေပွဲ

ဒီဇင်ဘာ(၃၀)ရက်နေ့တွင် ပြုလုပ်မယ်လို့ သိရပါတယ်။

play

 

တေးသံရှင် နီနီဝင်းရွှေနဲ့ ဂန္တဝင် အနုပညာရှင်ကြီးများ ဖျော်ဖြေပွဲကို ဒီဇင်ဘာ (၃၀)ရက်နေ့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။  အဲ့ဒီဖျော်ဖြေပွဲဟာ သူမနဲ့အတူ သူမရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးနဲ့ အတူ နာမည်ကျော် လူငယ်တေးသံရှင်လေးများနဲ့ ထူးထူးခြားခြား တင်ဆက်မှာ ဖြစ်ပြီး မြန်မာသံစစ်စစ် တေးဂီတဖျော်ဖြေပွဲကြီး တစ်ခု ဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောပြထားပါတယ်။

play

 

အဆိုပါ ဖျော်ဖြေပွဲက သူမအတွက်လည်း အမှတ်တရ ပွဲလေး ဖြစ်တဲ့အပြင် တေးချစ်ပရိသတ်တွေအားလုံးအတွက်လည်း အနှစ်သာရရှိရှိ နားဆင်ရမယ့် ပွဲလေး တစ်ပွဲ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

ပရိသတ်တွေအနေနဲ့လည်း အနှစ်သာရ ရှိရှိနားဆင်ရမယ့် အဲ့ဒီပွံကို လာရောက်ပေးဖို့အတွက်ကိုလည်း သူမက ဖိတ်ခေါ်ထားပါတယ်။ နီနီဝင်းရွှေနဲ့ ဂန္တဝင်အနုပညာရှင်ကြီးများ ဖျော်ဖြေပွဲတွင် ကိုမင်းနောင်၊ မောင်မောင်ကြီး၊ ဖိုးသောကြာ၊ တင်တင်မြ၊ ထား၊ အေဝမ်းတင်တင်လှ၊ (အကယ်ဒမီ)ချိုပြုံး၊ ရီရီသန့်၊ တက္ကသိုလ် လဲ့လဲ့အပြင် အခြားသော တေးသံရှင်များလည်း ပါဝင်ကြောင်း သိရပါတယ်။

Photo : နီနီဝင်းရွှေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ