Local Celebrity: ပရိသတ်တွေကို ကြိုတောင်းပန်လာတဲ့ ဘေဘီမောင်

ဇာတ်ကားတစ်ကားရဲ့ ဇာတ်ဝင်းခန်းအပေါ် ကြိုတင် တောင်းပန်လိုက်တာ ဖြစ်ပါတယ်။

play

 

သရုပ်ဆောင် ဘေဘီမောင်က လက်ရှိမှာ အော်ရဂျင်နယ် ဂိုင်းစတား (၃)ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ အဲ့ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ သူမအနေနဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ Miss တစ်ယောက်အနေနဲ့ ပြိုင်ပွဲဝင်ပြိုင်ပြီး သရုပ်ဆောင်ရတဲ့ အခန်းမှာ ဘီကီနီ ဝတ်ပြီး ရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။

play

 

ဇာတ်ကားအတွက် ဆင်ဆာခွင့်ပြုချက်လည်း ရတာ ဖြစ်တာကြောင့် အဲ့ဒီဇာတ်ကားမှာ ဘီကီနီဝတ်ပြီး ရိုက်ကူးခဲ့ရတဲ့ အတွက် ပရိသတ်တွေကို ကြိုတင်တောင်းပန်းတာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ sexy အဝတ်အစားတွေကို မဝတ်တော့ဘူးလို့ ပရိသတ်တွေကို ပြောထားပေမယ့်လည်း ဇာတ်ကား ကာရိုက်တာအရနဲ့ လိုအပ်ချက်အရ ဝတ်ဆင်ရတာ ဖြစ်တဲ့အတွက် ဒါလေးကို ပရိသတ်တွေနားလည် ပေးပါဦးလို့ သူမက ပြောပါတယ်။

play

 

ပါဝင်ရတဲ့ ဇာတ်ကားတိုင်းကို ကာရိုက်တာ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ဘေဘီမောင်ဟာ ဒါရိုက်တာ ကျော်ဇော်လင်း (အတွေးပုံရိပ်) ရိုက်ကူးမယ့် Cele ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်ရဦးမယ်လို့ သိရပါတယ်။

Souerce : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ