Local Celebrity: သီချင်းသစ်နဲ့ နန်းဆုဦး

"Ve Ve " နှစ်(၂၀)ပြည့် နှစ်ပတ်လည် အခွေထဲမှာ သီဆိုထားတာ ဖြစ်ပါတယ်။

play

"ရန်ကုန်မြို့သို့ လမ်းလျှောက်ခြင်း " ဆိုတဲ့ စီးရီးခွေနဲ့ ဂီတလောကထဲကို ရောက်ရှိလာတဲ့ နန်းဆုဦးဟာ ယခုဆိုရင် သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။ သရုပ်ဆောင်ဘက်မှာ အခြေကျလာတဲ့ သူမကို ပရိသတ်တွေ ဂီတဘက်ကို ပြန်လှည့်ဖို့ တိုက်တွန်းခဲ့သလို သူမကိုယ်တိုင်လည်း ဂီတဘက်ကို ခြေဦးပြန်လှည့်လို့ လာပါပြီ။

မကြာသေးခင် ရက်ပိုင်းက ထွက်ရှိထားတဲ့ "Ve Ve" နှစ်(၂၀)ပြည့် နှစ်ပတ်လည်အခွေထဲမှာ သီချင်းတစ်ပုဒ် ပါဝင် သီဆိုထားပါတယ်။ အဲဒီသီချင်းကတော့ "လွမ်းနေရဦးမယ်" လို့ ခေါ်ပါတယ်။ ဆက်လက်ပြီးတော့လည်း ဒုတိယ အခွေအတွက် ပြင်ဆင်နေပြီလို့လည်း သိရပါတယ်။

play

 

ဂီတကို ငယ်ငယ်ကတည်းက ဝါသနာပါတဲ့ သူမအနေနဲ့ ဂီတဘက်ကိုလည်း အချိန်ပေးပြီး လုပ်သွားတော့မယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ