Local Celebrity: ပရိသတ်တွေပေးတဲ့ ဒီဇိုင်းနဲ့ ပြိုင်ပွဲဝင်မယ့် ဥက္ကာမင်းမောင်

ဖီလစ်ပိုင်နိုင်ငံမှာ ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။

play

 

မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် Mrs Tourism World ပြိုင်ပွဲကို ယှဉ်ပြိုင်နေတဲ့ ဥက္ကာမင်းမောင်ကတော့ ပြိုင်ပွဲကျင်းပရာ ဖီလစ်ပိုင်နိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ National Costume ပြိုင်ပွဲမှာ ကျောက်ဆည်ဆင်အက ပွဲတော် ယဉ်ကျေး မှုကို ဝတ်စုံအဖြစ် အသက်သွင်းကာ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။

play

 

ပြိုင်ပွဲက Toursim World ဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပTourist တွေကို ဆွဲဆောင်နိုင်မယ့် အရာတစ်ခု ကို ဝတ်ဆင် ချင်တာကြောင့် ပရိသတ်တွေပေးပို့ထားတဲ့ ပုံစံဒီဇိုင်းတွေထဲကမှ Patrick Sone ဆွဲပေးတဲ့ ဒီဇိုင်းကို ဒီဇိုင်နာ မျိုးမင်းစိုး ကပြန်လည် ပုံဖော်ပေးထားတာ ဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

သူ့ရဲ့ ပရိသတ်တွေကိုလည်း Live လွှင့်လို့ မရတဲ့ အတွက် သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို ပြောချင်တဲ့ စကားကို ရေးသားခဲ့ပါသေးတယ်။

play

 

"Live လွှင့်မရလို့ စာပဲရေးလိုက်ပါတယ်.. ဘာလိုလိုနဲ့ Day 3 ပြီးဆုံးသွားပါပြီ.. ဒီနေ့ Vigan မှာရှိတဲ့ Media တွေနဲ့ တွေ့ဆုံပြီး Media တွေက တိုက်ရိုက်မေးသော မေးခွန်းတွေ ဖြေရပါတယ်.. နိုင်ငံရေး၊လူမှူရေး၊ လက်ရှိအခြေအနေတွေ global warming နဲ့ ပတ်သက်တာတွေမေးပါတယ်။ အဲဒီအပေါ် အမှတ်ပေးပါတယ်.. နောက် နှုတ်ဆက်စကား filming လုပ်ရပါတယ်။ Outline ပဲပေးပြီးကျန်တာ ကိုယ့်ဟာကိုယ် ကိုယ့်နိုင်ငံအကြောင်းဖြည့်စွက် ပြောရပါတယ်။ outdoor activities တွေသွားတယ်.. အကောင်းဆုံးကြိုးစားထားပါတယ်.. အားလုံးနဲ့လည်း သူငယ်ချင်းတွေဖြစ်သွားပြီ၊ အတွေ့ အကြုံတွေလည်း အများကြီးရတယ်၊ တစ်သက်မှာ နောက်တစ်ခါ ပြန်မဖြစ်နိုင်တော့တဲ့ အမှတ်တရတွေ အများကြီးပါ။ ပြန်ပြော ပြစရာတွေလည်း အများကြီး၊ ကျွန်တော့် နိုင်ငံအတွက်၊ နောက် generation တွေအတွက်၊ အားပေးနေတဲ့ ပရိသတ် အတွက်၊ ကျွန်တော့် မိဘ အတွက် ဂုဏ်ယူနိုင်အောင် ကျွန်တော် ကြိုးစားပါမယ်၊ ဆုတစ်ခုခုရရင်တော့ အကောင်းဆုံးပေါ့၊ ဆုမရခဲ့ရင် အပြောအဆိုတွေခံရမယ်၊ အခုထဲ က အဆိုးပြောတဲ့ သူတွေပိုပြောကြမယ်ဆိုတာသိပေမဲ့ ကျွန်တော် ကြိုးစားခဲ့တဲ့အပေါ် ရင်ကော့ခေါင်းမော့ပြီးပဲဂုဏ်ယူစွာနဲ့ ပြန်လာပါမယ်။ ချစ်မြဲအတိုင်းချစ်ပေးပါ။ အားပေးပါလို့ အားလုံး good night" လို့ သူက ဒီဇင်ဘာ(၅)ရက်နေ့ညက ရေးသားထားတာ ဖြစ်ပါတယ်။

Photo : ဥက္ကာမင်းမောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ