AD
AD
AD
play

 

အိုင်းရင်းခရော့စ်ပရိသတ်တွေအတွက် အိုင်စီ အခမဲ့ ဖျော်ဖြေပွဲ မကြာခင် လာတော့မှာ ဖြစ်ပါတယ်။ အိုင်စီအဖွဲ့ရဲ့ ဖျော်ဖြေပွဲကို နှစ်သစ်ကူးညမှာ ပြည်သူ့ရင်ပြင်တွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ(၃)ရက်နေ့က မျှော်စင်ကျွန်း တွင် ကျင်းပပြုလုပ်ခဲ့တဲ့ အိုင်စီပွဲကလည်း ပရိသတ်အားပေးမှု များပြားခဲ့ပါတယ်။

play

 

ယခုနှစ်အတွင်းမှာ အိုင်စီအဖွဲ့ရဲ့ ဖျော်ဖြေပွဲအနေနဲ့ နယ်လှည့်ဖျော်ဖြေမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး အခမဲ့ ဖျော်ဖြေပွဲများ အနေနဲ့ အင်းလေးနဲ့ ချောင်းသာတို့မှာ ပြုလုပ်ခဲ့ပါတယ်။

အင်းလေးမှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲကို အင်းရေပြင်တွင် စတင်တည်ဆောက်ခဲ့တာ ဖြစ်ပြီး ပရိသတ်များကလည်း လှေများနဲ့ လာရောက်ကြည့်ရှုကြရတဲ့ ထူးခြားတဲ့ ပွဲတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

Source & Photo : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD