Local Celebrity: "သားပိုက်ကောင်" ဇာတ်ကားမှာ ဇာတ်ဆောင်ဖြစ်တော့မယ့် ထွန်းထွန်း

ရုပ်ရှင်ဇာတ်ကားကန်တော့ပွဲကို ဒီဇင်ဘာ(၆)ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ရိုက်ကူးမယ့် "သားပိုက်ကောင်" ရုပ်ရှင် ဇာတ်ကားမှာ ထွန်းထွန်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ရိုက်ကူးရတော့မှာ ဖြစ်ပါတယ်။ သူ့ကို ယုံကြည်မှု အပြည့်ပေးတဲ့ သူတွေအားလုံးကို ကျေးဇူးတင်သလို အလုပ်တွေကိုလည်း အခုထက်ပိုပြီး အမှားနည်းသည်ထက် နည်းအောင် ကြိုးစားသွားပ့ါမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

"အလုပ်တွေ ကို အခုထက်ပိုပြီး အမှားနည်းသည်ထက်နည်းအောင် ကြိုးစားသွားပါ့မယ်ဗျာ။ ကျွန်တော့်ကို ခေါင်းဆောင် ဇာတ်ဆောင်အဖြစ်နဲ့ ရိုက်ကူးဖို့ ယုံကြည်မှုတွေအပြည့်ပေးတဲ့ အားမာန်ရုပ်ရှင်ထုတ်လုပ်ရေး ကိုနိုင်ဆွေ+မအေးမော် ဒါရိုက်တာဦးစတီးလ်(ဒွေးမေတ္တာ)နဲ့လုပ်ဖော်ကိုင်ဖက်တွေအားလုံး ကျေးဇူးတင်ပါတယ်"လို့ သူက ဆိုပါတယ်။

play

 

"သားပိုက်ကောင်" ရုပ်ရှင်ဇာတ်ကားထဲမှာ ထွန်းထွန်း၊ ဖိုးချစ်၊ နေဆန်း၊ ဒိန်းဒေါင်၊ စိုးမြတ်သူဇာ၊ ရွှေသမီးတို့က အဓိက ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo  : ထွန်းထွန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ