Local Celebrity: အချိန်တန်ရင် ချစ်သူကို ပြောပြမယ်ဆိုတဲ့ ဇေရဲထက်

ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြပါပြီ။

play

 

ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေတဲ့ ဇေရဲထက်ကတော့ အချိန်တန်ရင် သူ့ရဲ့ ချစ်သူကို ပရိသတ်တွေကို ပြောပြ သွားမယ်လို့ ဆိုပါတယ်။ လက်ရှိ အချစ်ရေးကတော့ အေးအေးဆေးဆေးပဲလို့ သိရပါတယ်။ အရွယ်ရောက်ပြီးတဲ့ လူငယ်တိုင်းမှာ ချစ်သူတွေ ရှိပြီးသား ဖြစ်တဲ့အတွက် သူ့မှာလည်း ချစ်သူရှိသလို အချိန်တန်ရင်တော့ ဘယ်သူလဲဆိုတာ ပြောပြသွားမယ်လို့ ပြောပါတယ်။

play

 

လတ်တလောမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးဖြစ်နေပြီး ရုပ်ရှင်ပိုင်းကိုလည်း ပိုအားသန်လာပြီလို့ သိရပါတယ်။ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ရိုက်ကူးမယ့် လေးကိုယ်ခွဲ ရုပ်ရှင်ဇာတ်ကားကိုလည်း ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

play

 

ဇာတ်ရုပ်တိုင်းကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ သူ့အနေနဲ့ ပရိသတ်တွေ လက်ခံနိုင်အောင် ဆက်လက်ကြိုး စားသွား မယ်လို့ ဆိုပါတယ်။

Source : Popular news

Photo  : ဇေရဲထက် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ